KIA ၊ MNDAA ၊ TNLAတို့ နှင့် အာဏာသိမ်းစစ်တပ်အကြား   ကွတ်ခိုင်မြို့အနီး တိုက်ပွဲဖြစ်၊ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်

0
132

Photo Shwe Phye Mye

၅ မေ ၂၀၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း ကွက်ခိုင်မြို့အနီးတစ်ဝိုက်တွင် မေလ ၄ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီမှ ည ၉ နာရီခွဲထိ အာဏာသိမ်းစစ်တပ်နှင့် MNDAA ၊ TNLA နှင့် KIA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံများသည် နီးစပ်ရာကွတ်ခိုင်မြို့သို့ တိမ်းရှောင်နေကြောင်း သိရသည်။

ကွက်ခိုင်မြို့အနီး မန်ဘန် နောင်ဆွေနှင့် မော်ဟစ်ကျေးရွာ စသည့်နေရာများတွင် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် တိမ်းရှောင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က Asia World နှင့် စစ်တပ်ကို လာပစ်တဲ့အခြေအနေဖြစ်တယ်။ ဒီညနေပိုင်းတော့ ရွာသားတွေကလန့်ပြီး လုံခြုံတဲ့နေရာကို တိမ်းရှောင်ခဲ့တယ်။ တစ်ချို့ ပြန်သွားတဲ့သူတွေ ပြန်ကြပြီ။ ခုတော့ ငြိမ်နေတယ်။” ဟု တိုက်ပွဲဖြစ်ပွားရာနေရာမှ ဒေသခံတစ်ဦးကပြောသည်။

ယနေ့ည တိုက်ပွဲတွင် MNDAA နှင့် TNLA တပ်ဖွဲ့ဝင်များကို ဒေသခံများမျက်မြင်တွေ့ရှိခဲ့ရပြီး၊ အချို့ကမူ KIA တပ်ဖွဲ့လည်း ပါဝင်သည်ဟု ဆိုသည်။

ကွက်ခိုင်မြို့အနီး ကျေးရွာများအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သောကြောင့် ဒေသခံ ၅ ဦးခန့်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here