ရေးမြို့နယ်ပညာရေးမှူးရုံး ဗုံးပေါက်ကွဲ၊ အဘော်ရွာတွင်တွင်း လက်ပစ်ဗုံးနှင့် လက်လုပ်မိုင်း တွေ့

0
215

၂၆ ဧပြီ ၂၀၂၁

ရေးမြို့ ရန်မျိုးအောင်ရန်ကွက် ဗိုလ်ချုပ်လမ်းပေါ်ရှိ မြို့နယ်ပညာရေးမှူးရုံးတွင် ဧပြီ ၂၅ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်အချိန်ခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်ပညာရေးမှူးရုံး အုတ်တံတိုင်းအတွင်းဘက်ရှိ ရုံးမျက်နှာစာရှေ့တွင် အမျိုးအမည်မသိရသော ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် ရုံးခန်းပြူတင်းပေါက်တံခါးလေကာမှန် ၆ ချပ်ကွဲသွားပြီး လူအထိအခိုက်ဖြစ်ပေါ်မှုမရှိကြောင်း သွားရောက်ကြည့်ရှုခဲ့သော ရေးမြို့ခံတစ်ဦးက ဆိုသည်။

ထို့အပြင် ရေးမြို့နယ် အဘော်ကျေးရွာ၊ ကြားအင်းကွင်းရပ်နေ ပြည်ခိုင်ဖြိုးပါတီဝင် ဦးသန်းထိုက်၏ ခြံဝင်းအတွင်း၌ စနက်တံဖြုတ်ထားသော လက်ပစ်ဗုံး ၁ လုံးနှင့် လက်လုပ် မိုင်း ၂ လုံး လာရောက်တပ်ဆင်ထားသည်ကို ယနေ့နံနက်စောစောပိုင်းက တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ တိုင်ကြားအသိပေးခဲ့ကြောင်း သိရသည်။

အဆိုပါလက်ပစ်ဗုံးနှင့် လက်လုပ်မိုင်းတို့ကို ရေးမြို့လုံခြုံရေးတပ်ဖွဲ့တို့က ယင်းနေ့ နေ့လယ်ပိုင်းအချိန်တွင် လာရောက်ဖြုတ်သိမ်းခဲ့ကြောင်း အဘော်ကျေးရွာ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အလားတူ မော်လမြိုင်မြို့ ရဲဘော်ကုန်းရပ်ကွက်ရှိ အထက (၈) ကျောင်းအနီး ဟိန္ဒူဘုရားကျောင်းရှေ့ ရဲလိုင်းခန်းအနားတွင် မတ်လ ၃၀ ရက်နေ့ ညနေပိုင်းအချိန်က ဗုံးတစ်လုံးတွေ့ရှိခဲ့သည်။

MNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here