တမူးမြို့ ပေါ် ပစ်ခတ်မှုကြောင့် ဒေသခံအမြောက်အများ အိန္ဒိယဘက် ထွက်ပြေး

0
166

၁၂ ဧပြီ ၂၀၂၁

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်းတမူးမြို့တွင် ယနေ့နံနက်ပိုင်းကစ၍ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက အင်အား အလုံးအရင်းဖြင့် ပြည်သူ့လုံခြုံရေးခံတပ်များကို ပစ်ခတ်ဖြိုခွင်းကာ မင်္သကာသည့်အိမ်များကို ၀င်ရောက်ရှာဖွေမှုများရှိ နေသည့်အတွက် ဒေသခံပြည်သူ ၂၀၀ ကျော် အိန္ဒိယဘက်ထွက်ပြေးကြရသည်ဟု သိရသည်။

ယနေ့တမူးပစ်ခတ်မှုတွင် ၆ နှစ်အရွယ်ကလေးငယ်တစ်ဦးကျည်ထိမှန်သည်ဟုသိရပြီး လူငယ်တစ်ဦးကိုလည်း ဓာတ်တိုင်မှာကြိုးတုပ်ဖမ်းထားကာ အပြင်မှာတွေ့ရှိသည့်ယောကျာင်္လေးမှန်သမျှကို လိုက်လံဖမ်းဆီးနေသည်ဟု တမူးဒေသခံကပြောသည်။

“တမူးမြို့ စျေးတန်း ၇/၈ ကို Operation ၀င်တယ်၊ တစ်အိမ်တက်ဆင်း၀င်တယ် သူတို့သံသယရှိတဲ့သူတွေကို တိုင်မှာ ကြိုးတုပ်ပြီး ရိုက်တယ်ဖမ်းတယ်ခေါ်သွားတယ် အခု ပြည်သူ အယောက် ၂၀၀ ကျော်က အိန္ဒိယဘက်ကို ထွက်ပြေးကြပြီ၊ ’’ ဟု တမူးဒေသခံကပြောသည်။

ထို့အပြင် Grace ဆေးရုံး၀င်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့၀င်များ၀င်ရောက်ပြီး သူနာပြုဆရာမများအား ရိုက်နှက်ခြင်းပြုလု ပ်ခဲ့သည့်အပြင်၊ တမူးမြို့ Methodist ဘုရားကျောင်း၀င်းထဲသို့၀င်ရောက်ရှာဖွေစစ်ဆေးမှုများလည်းပြုလုပ်သည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့၀င်များသည် ယခုချိန်ထိ အာရှလမ်း၊ အလောင်းဘုရားလမ်း၊ မြို့ရှောင်လမ်းတို့တွင် တပ်စွဲထားသည်သည်ဟုသိရသည်။

ပြီးခဲ့သည့်ဧပြီလ ၁၀ ရက်နေ့ တမူးမြို့ပစ်ခတ်မှုတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၀င် ၁၈ ဦးသေဆုံးမှုရှိခဲ့သည့်အတွက် တမူးမြို့ကို အင်အားအလုံးအရင်းဖြင့် ပစ်ခတ်မှုများပြုလုပ်နေခြင်းဖြစ်သည်ဟု ယူဆရသည်။

ခိုနူမ်းသုန် မှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here