တမူးမြို့ ပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးကြောင်း ဒေသခံများပြောဆို

0
355

၁၂ ဧပြီ ၂၀၂၁

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင် ဧပြီ ၁၁ရက် နေ့လည် ၁၂ နာရီနောက်ပိုင်းကစပြီး စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များနှင့် ဒေသခံပြည်သူများကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ဝ ဦးထက်မနည်း သေဆုံးမှုရှိခဲ့သည်ဟု တမူးဒေသခံများထံမှ သိရသည်။

တမူးဒေသခံများ၏ ပြောဆိုချက်အရ အာရှလမ်းမပေါ်ရှိ နာဂဘုရားကျောင်းအနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်းများ လက်ပစ်ဗုံးဖြင့်ပစ်ခံရပြီး ၁၃ ဦးခန့်သေဆုံးခဲ့သည်ဟူ သိရသည်။

ယခုလက်ရှိတွင်လည်း တမူးမြို့လမ်းဆုံမီးပွိုင့်အနီးတွင် နေအိမ်တစ်လုံးမီးလောင်နေသည်ဟုသိရသည်။

ဧပြီ ၁၁ရက်နေ့ တမူးပစ်ခတ်မှုတွင် ပြည်သူ ၂ ဦးကို ကျဆုံးမှုရှိခဲ့ကြောင်းသိရသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here