တရုတ် ဖိအားကြောင့် KIO သည် (၂၁)ရာစု ပင်လုံ တက်ရောက် ရမည်

0
328

တရုတ်ဖိအားကြောင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO သည် လာမည့်အပတ် ဇူလိုင် (၁၁)ရက်မှ စတင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး (၂၁)ရာစု ပင်လုံညီလာခံ တတိယ အစည်းအဝေးကို တက်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။

“ညီလာခံတွင် တင်ပြ ဆွေးနွေးခွင့် ရမည် မဟုတ်သော်လည်း တရုတ်ဖိအားကြောင့် တက်ရောက်ရ မည်ဖြစ်ကြောင်း” ကို ဇွန်လ (၂၅)ရက်နေ့ ၎င်းထိန်းချုပ် နယ်မြေ မိုင်ဂျာယန်မြို့ KIO ပါတီဝင် ၈၀၀ ကျော်ပါဝင်သည့် အစည်းအဝေးတွင် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ မှ မိန့်ခွန်းပြောခဲ့သည်။

KIO အပါအဝင် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့များ တက်ရောက်မည် ဆိုသော်လည်း တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ် လက်မှတ် ရေးထိုးထားသော လက်နက်ကိုင် အဖွဲ့များနည်းတူ ကဏ္ဍ (၅)ခုတွင် ပါဝင် ဆွေးနွေး ဆုံးဖြတ် ပိုင်ခွင့်ရှိမည် မဟုတ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးရေးမှု ပူးတွဲ ကော်မတီ UPDJC အလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာ တူးဂျာ က ပြောသည်။

“KIO အဖွဲ့ တက်ရောက်မယ်ဆိုရင်လည်း ဒီ group အနေနဲ့ ဆွေးနွေးတဲ့ အချိန်တော့ ပါဝင်လို့ရမယ်။ ညီလာခံ အပြင်ဘက်မှာ ဆွေးနွေးမယ့် လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တပ်မတော်တွေ၊ အစိုးရ ကိုယ်စားလှယ် တွေ EAO ၃ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး တဲ့အချိန်မှာတော့ တင်ပြလို့ရတာပေါ့။ ပြီးတော့ အရေးကြီးတဲ့ အချက် (၅)ချက် ဆွေးနွေးမယ့် အချိန်တော့ ခန့်ထားတဲ့ ကိုယ်စားလှယ်တွေဘဲ တက်ရောက်ခွင့်ရမယ်။ KIO အနေနဲ့ တက်ရောက်ရင် တောင်မှ ဘာမှ ပြောပို်င်ခွင့် ရမှာတော့ မဟုတ်ဘူး ဖြစ်မှာပါ” ဟု ဒေါက်တာ တူးဂျာ က ပြောပါသည်။

FPNCC တွင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA မိုင်းလားအဖွဲ့)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်ကြသည်။

ဒုတိယ အကြိမ် ပင်လုံ ညီလာခံတွင်လည်း တရုတ်၏ တိုက်တွန်းမှုကြောင့် NCA စာချုပ်ကို လက်ခံခြင်း မရှိသော FPNCC အဖွဲ့များ တက်ရောက်ခဲ့ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here