မိုးရွာသွန်းလာမှုကြောင့် ရခိုင်ဒေသ စစ်ဘေးရှောင်များနေထိုင်ရေးအတွက် စိုးရိမ်လာ

0
196

၂၇ ဧပြီ ၂၀၂၀

ရခိုင်ပြည်နယ်တွင် မိုးရွာသွန်းမှုများရှိလာပြီး ယခုရက်ပိုင်းအတွင်းတွင်လည်း ရွာသွန်းနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသောကြောင့် စစ်ဘေးရှောင်များနေထိုင်ရေးအတွက်စိုးရိမ်မှုများ ရှိသည်ဟု စခန်းတာဝန်ခံများနှင့်လွှတ်တော်ကိုယ်စားလှယ်များက ပြောကြသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်တစ်ချို့တွင် ဧပြီလ ၂၄ ရက်နေ့၊နံနက် (၃)နာရီကျော်ခန့်က စတင်ကာ မိုးရွာသွန် းမှုရှိခဲ့သည်။အလားတူ ယခုရက်ပိုင်းတွင် ရခိုင်ပြည်နယ်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဟုလည်း မိုး လေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲကြောင့် စစ်ဘေးရှောင် တစ်သိန်းငါးသောင်းကျော်အထိရှိလာ သည်။စစ်ဘေးရှောင်စခန်းအများစုသည် တာလပတ်ချာများဖြင့်မိုးထားသည့်တဲအိမ်များဖြစ်ကြသောကြောင့် မိုး ရွာများမှုများရှိလာလျှင် နေထိုင်ရေးအခက်အခဲဖြစ်နိုင်သည်ဟု ကျောက်တော်မြို့နယ်၊ညောင်ချောင်းစစ်ဘေး ရှောင်စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။

“အခုကတော့ မိုးအနည်းငယ်ရွာသွားတာဆိုတော့ သိပ်ပြီး အခက်ခဲမဖြစ်သေးဘူးပေါ့။ ကျနော်တို့စခန်းမှာက စခန်းက လူများတော့ မိုးရွာသွန်းမှုများလာရင် နေရာထိုင်ခင်းက အလုံအလောက်မရှိတော့ နေထိုင်ရေး အတွက် ဒုက္ခ ရောက်နိုင် ပါတယ်”ဟု ၎င်းကပြောသည်။

စစ်ဘေးရှောင်များသည် မိုးရွာသွန်းလျှင် နေထိုင်ရေးအခက်အခဲရှိမည်အပြင် ချက်ပြုတ်စားသောက်ရေးပါ အ အခက်အခဲရှိမည်ဟု ကျောက်တော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြော သည်။

“ တစ်ချို့စခန်းတွေမှာကျတော့ ရွာပြင်ကနေရာတွေမှာ နေရာချပြီး နေကြရတယ်။ အဲဒီလို စခန်းတွေမှာ မိုးက များများစားစားရွာစရာ မလိုဘူး။ သာမန်လောက်ရွာသွန်းတာနဲ့ကို စားရေးသောက်ရေးအတွက် ထမင်းချက်စား လို့ မရတော့ဘူး ” ဟု ၎င်းကပြောသည်။

ထို့ပြင် မိုးရာသီတွင် အခြေခံပညာစာသင်ကျောင်းများဖွင့်လှစ်မည်ဖြစ်သောကြောင့် ကျောင်းများတွင်ခိုလှုံနေ သည့် စစ်ဘေးရှောင်များမှာ နေထိုင်စားသောက်ရေးအခက်အခဲဖြစ်လာမည်ဟု ဦးဦးထွန်းဝင်းက ဆိုသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလအစောပိုင်းက တိုက်ပွဲစတင် ဖြစ်ပွားနေကြခြင်းဖြစ်သည်။ယင်းအချိန်ကပင် ဒေသခံများ ဘေးလွတ်ရာနေရာများသို့ထွက်ပြေးတိမ်းရှောင်နေ ကြခြင်းဖြစ်သည်။လက်ရှိတွင်၎င်းတို့ခိုလှုံနေသည့် စစ်ဘေးရှောင်စခန်းအချို့မှာ ဟောင်းနွမ်းပျက်စီးနေပြီဖြစ် သဖြင့် ပြန်လည်ဆောက်လုပ်ရန်လိုအပ်သည်ဟု စစ်ဘေးရှောင်များက ဆိုကြသည်။

“အခုက ထောက်ပံ့မယ်ဆိုတာ ထားလိုက်တော့။ ကျနော်တို့ကို အကူညီလာပေးတဲ့လူတွေကိုတောင် ဖမ်းဆီး စစ် ဆေးတာတွေလုပ်တယ်ဆိုတော့ အလှူပေးတဲ့လူတွေအတွက် တကယ်အခက်ခဲ ဖြစ်သွားတာ တွေရှိပါ တယ်။ပြောချင်တာကတော့ အစိုးရအနေနဲ့ ကိုကိုယ့်တိုင် ဖြေရှင်းမပေးနိုင်သည့်တိုင်အောင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ တခြားအဖွဲ့အစည်းတွေကို လွှတ်လွတ်လပ်လပ်သွားလာခွင့်ပေးဖို့နဲ့အထောက်အကူပေးဖို့ကို တောင်းဆိုချင်ပါတယ်”ဟု ညောင်ချောင်းစခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဒေသခံများမှာ လည်း ဘေးလွတ်ရာနေရာများသို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေရသည်။

DMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here