ဘူးသီးတောင် ခမီချောင်းတွင် ကျည်ထိမှန်သဖြင့် မိန်းကလေးငယ်တစ်ဦး ဒဏ်ရာရ

0
376
welcome sign

၂၇ ဧပြီ ၂၀၂၀

ရခိုင်ပြည်နယ် ၊ဘူးသီးတောင်မြို့နယ် ၊ခမီချောင်းရွာ အနောက် ဖက်တောင်တန်း၌ဧပြီလ ၂၄ ရက်နေ့ နေ့လည် ၁နာရီကျော်အချိန်ခန့်က ပစ်ခတ်မူများဖြစ်ပွားခဲ့ပြီး ငါးနှစ်အရွယ်ကလေးငယ်တစ်ဦး ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း ခမီချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က ပြောသည်။

အသက် (၅)နှစ်အရွယ် မနုနုခိုင်မှာ မိမိနေအိမ်တွင် ထိုင်နေစဉ် ဝမ်းဗိုက်ကို ကျည်ထိမှန်လာခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“ဒီနေ့ နေလည် ၁ နာရီလောက်မှာ အုတ်တောင်နဲ့ ခမီချောင်း ပတ်ဝန်းကျင်မှာတိုက်ပွဲဖြစ်တယ်။ အပြန်အလှန်ပစ်ကြတယ်။ ကျည်ကဝမ်းဗိုက်ကိုရှပ်မှန်သွား တယ်။နည်းနည်းလေးပါ ဘယ်ဖက်က ပစ်တာလည်းတော့ ဘယ်သိပါမလဲ။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ပစ်နေကြတာ။နေ့လည် ၂ နာရီလောက်မှာရပ် သွားတယ်”ဟု ဦးဝင်းမောင်က ပြောသည်။

အဆိုပါကျေးရွာ စာသင်ကျောင်းကို ပြီးခဲ့သော ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း လက်နက်ကြီးကျည်ကျ ရောက်သဖြင့် မူလတန်းကျောင်းသား၊ကျောင်းသူ (၂၁ )ဦးဒဏ်ရာရရှိသွားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)ကြား တိုက်ပွဲဖြစ်ပွားမှုများရှိနေပြီး အရပ်သား ထိခိုက် သေဆုံးမှု တဖြည်းဖြည်းမြင့်တက်လာနေသည်။

DMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here