ပလက်၀‌ဒေသခံ ပြည်သူများနှင့် စစ်ဘေးရှောင်များအတွက် ရိက္ခာဆန်များ ပို့မရဘဲ ဖြစ်နေ

0
483

၁၇ ဧပြီ ၂၀၂၀။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား စစ်ရေးပဋိပက္ခကြောင့် ဆက်သွယ်ရေးလမ်းကြောင်း များပြတ် တောက်ကာ စားနပ်ရိက္ခာများပြတ်လပ်နေသည့် ချင်းပြည်နယ် ပလက်၀မြို့ပြည်သူများနှင့် စစ်ဘေးရှောင်များ အတွက် ချင်းအရပ်ဘက်အဖွဲ့အစည်းများက ရိက္ခာဆန်များပို့ဆောင်ရန် ကြိုးစားခဲ့ကြသော်လည်း အခက်အခဲရှိနေသည်ဟု သိရသည်။

ပလက်၀မြို့သို့ပို့ဆောင်မည့် ရိက္ခာဆန်များသည် ဆမီးမြို့သို့ရောက်ရှိပြီဖြစ်ပေမယ့် ဆမီးမြို့မှတဆင့် ပလက်၀မြို့သို့ သယ်ဆောင်ရန် ကားသမားများက မသွားရဲသောကြောင့် အခက်ကြုံနေကြရခြင်းဖြစ်သည်ဟု ကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ချင်းပြည်နယ် စည်ပင်၀န်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်ကပြောသည်။

“အဓိကတော့ အစိုးရအဖွဲ့ကခွင့်ပြုတယ် နောက်ပြီးတော့ တပ်ကလည်းလုံခြုံရေးသူတို့ပေးမယ် ဒါပေမဲ့ကားသမားတွေကမသွားရဲတော့ဘူး အဓိကပြသာနာက ကားသမားတွေမသွားရဲတာ အဲဒီတော့ ကားသမားတွေဘာကြောင့် မသွားရဲတာလဲဆိုတော့ သူတို့မှာလည်းအကြောင်းရှိတယ် ဟိုတလောကလည်း ကားမီးရှို့လိုက်တာတို့ ဆန်အိတ်လုသွားတာတို့ အဲလိုဖြစ်တော့ သူတို့ကအစိုးရခွင့်ပြုတာတောင်မှ သူတို့မသွားရဲဘူး တပ်ကလုံခြုံရေးပေးမယ်လို့ပြောရင်တော့ ပိုတောင်ကြောက်တာပေ့ါဗျာ ဆိုတော့အဲဒီအနေအထား” ဟု ၀န်ကြီးဟောင်းဆလိုင်းအိုက်ဇက်ခင်ကပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တိုက်ပွဲကြောင့် နေရပ်စွန့်ခွါကြသည့် စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ချင်းအရပ်ဘက်အဖွဲ့အစည်းများ၊ ချင်းလူငယ်များများဦးဆောင်၍ အလှူငွေများကောက်ခံကာ မကြာသေးခင်ရက်ပိုင်းက ရိက္ခာဆန်နှင့် စားသုံးကုန်၊ လူသုံးကုန်များအား ဆမီးမြို့သို့သွားရောက်ပို့ဆောင်ခဲ့ကြသည်။

ဆမီးမြို့အထိ သွားရာက်ပို့ဆောင်နိုင်ခဲ့ကြသော်လည်း ဆမီးမြို့မှတဆင့် ပလက်၀မြို့သို့ ဆက်လက်ပို့ဆောင်န ိုင်ရန် နယ်မြေလုံခြုံမှုမရှိသေးသည့်အတွက် အခက်အခဲနှင့်ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

ပလက်၀မြို့သို့ ရိက္ခာဆန်ပို့ဆောင်ရေးနှင့်ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများ၊ ချင်းလူငယ်များက ၀ိုင်း၀န်းကြိုးစားအားထုတ်ခဲ့ကြရာ ဆမီးမြို့တွင် ၃ ရက်ခန့်စောင့်ဆိုင်းခဲ့ကြသော်လည်း ရှေ့ဆက်တိုးလို့မရသည့်အခြေနေဖြစ်နေ၍ အစိုးရက လုပ်ဆောင်ပေးမှရတော့မည်ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

“အစိုးရယာဉ်တန်းနဲ့ဦးဆောင်ပြီးတော့ အဲလိုမျိုးသူတို့ ယာဉ်တမ်းနဲ့သွားရင်တော့ အဆင်ပြေနိုင်တယ် လုံခြုံရေးလည်းပါရမယ် တပ်လုံခြုံရေးလည်းပါရမယ် အစိုးရ၀န်ထမ်းလည်းပါမယ် အခုနဆန်သယ်ကားတွေလည််းပါမယ် အဲလိုဆိုရင်တော့ ယာဉ်မောင်းတွေကတော့လိုက်ရဲမယ်” ဟု ၀န်ကြီးဟောင်း ဦးအိုက်ဇခင်ကပြောသည်။

ချင်းစစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာဆန်များသွားရောက်ထောက်ပံ့ခဲ့သည့် Chin Relief-rehabilitation and Community Development Foundation (CRCDF) မှတာ၀န်ရှိသူတစ်ဦးဖြစ်သည့် Chinland Herald သတင်းစာအယ်ဒီတာဆလိုင်းငယ်ပီကတော့ ၎င်းတို့အနေဖြင့် ပလက်၀မြို့အထိ ကိုယ်တိုင်သွားရောက်ရန် စီစဉ်ထားသော်လည်း လုံခြုံရေးအခြေအနေမပေးသောကြောင့် ဆမီးမြို့တွင် ရိက္ခာများထားခဲ့ပြီး ပြန်လှည့်လာခဲ့သည် ဟု ပြောသည်။

“ ကျနော်တို့ ကားနဲ့ ကျနော်တို့ဘာသာကျနော်တို့ သွားမယ်ဆိုတာတောင်မှ သယ်ဖို့မသွားကြပါနဲ့ ဆရာတို့မ သွားတာကောင်းတယ်ဆိုပြီး ၀ိုင်းတားကြတာနဲ့ မသွားဖြစ်ကြတော့ဘူး ဒါပေမယ့် ရိက္ခာပစ္စည်းတွေတော့ ဆမီးမှာထားခဲ့တယ် ပလက်၀ကိုအရောက်ပို့ပေးကြဖို့တော့ စီစဉ်ထားခဲ့တယ် ဆမီးကနေ ပလက်၀အထိသယ်ဖို့ ကားငှားခကိုလည်း ဗိုက်ဆံပေးထားပြီးပြီ’’ ဟု ဆလိုင်းငယ်ပီကပြောသည်။

မြန်မာ့တပ်မတော်နှင့် ရကိ္ခုင့်တပ်တော် AA တို့တိုက်ပွဲပြင်းထန်လာခြင်းကြောင့် ချင်းပြည်နယ်ပလက်၀မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများတိုးများလာဆဲဖြစ်ပြီး ပလက်၀မြို့ပေါ်တွင် ၃ ထောင်ကျော်ရှိကာ ဆမီးမြို့ပေါ်တွင်လည်း ၃ ထောင်နီးပါးရောက်ရှိနေကြသည်။

လားနွန် (ခိုနူမ်းသုန်)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here