မတရားအသင်း ကြေညာကာ AA ကို တိုက်ခိုက်နေခြင်းသည် အခြား EAOsများအပေါ် သတင်ပေးနေခြင်းဖြစ်ကြောင်း IKO ထုတ်ပြန်

0
117

၁၇ ဧပြီ ၂၀၂၀

ရခိုင်ပြည်နယ်အတွင်း အခြေစိုက်နေသည့် ရက္ခိုင့်တပ်တော်(AA)ကို မတရားအသင်းကြေညာပြီး ထိုးစစ်ဆင် တိုက်ခိုက်နေမှုများသည် တခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို သတိပေးမှု တစ်ခု အနေဖြင့် သုံးသပ်ကြောင်း နိုင်ငံတကာကရင်အဖွဲ့အစည်း-IKOက ဧပြီ ၁၄ရက်က ထုတ်ပြန်ပြောဆိုလိုက်သည်။

ရက္ခိုင့်တပ်တော်(AA)သည် ပြည်တွင်းငြိမ်းချမ်းရေး စတင်ဆွေးနွေးစဉ်ကတည်းက ပါဝင်လာခဲ့သော အဖွဲ့အ အစည်းတစ်ခုဖြစ်ကာ လက်ရှိတွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးနေသော ကာလ ဖြစ်သလို AAအပေါ် သဲကြီးမဲကြီးထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် တိုင်းရင်းသားများ လိုလားသော အနာဂါတ် ဖက်ဒရယ် တည်ဆောက်ရေး ကို အနှောက်အယှက်ဖြစ်စေပြီး အစိုးရ၊တပ်မတော်၏ သဘောထားများ ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ရန် အခက်ကြုံနေရကြောင်း IKOက ဆိုသည်။

IKO ပြောခွင့်ရ စောဇော်နောင် က “ရခိုင်တပ်မတော်ကို မတရားအသင်းအဖြစ်ကြေညာပြီး ထိုးစစ်ဆင်လိုက်တဲ့ ကိစ္စက NCA လက်မှတ်ထိုးပြီးတော့ မတရားအသင်းဖျက်သိမ်းခံရတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တွေရှိတယ်။ ဒီအဖွဲ့အစည်းတွေကိုလည်းပဲ ဗမာ့တပ်မတော်က လိုအပ်လာရင် အချိန်မရွေး မတရားအသင်း အဖြစ်နဲ့ ကြေညာနိုင်တဲ့ အခြေအနေရှိတယ်လို့ ကျနော်တို့က သုံးသပ်တယ်။ ပြောချင်တာက မနာခံဘူးဆိုရင် တော့ ရခိုင်လိုပဲ မင်းတို့လည်း ဖြစ်ကြရမယ်ဆိုတဲ့ ပုံစံမျိုးပေါ့ဗျာ” ဟု ပြောသည်။

ယခင် ပြီးခဲ့သည့် မတ်လ ၂၃ရက်နေ့က ပြည်ထဲရေး ဝန်ကြီးဌာနမှ ရခိုင့်တပ်တော် (AA)နှင့် ၎င်းအဖွဲ့၏ လက် အောက်ခံ အဖွဲ့များကို အက်ဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (၂)ပါ အဓိပ္ပာယ် ဖော်ပြချက်များနှင့်အညီ မတရား အသင်း အဖြစ်သော် လည်းကောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ အကြမ်းဖက်မှု တိုက်ဖျက် ရေး ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မ၇၂၊ပုဒ်မခွဲ (ခ)အရ AAအဖွဲ့ကို အကြမ်းဖက်အုပ်စုဖြင့် ကြေညာခဲ့ပြီးနောက် ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။

အလားတူ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်ပေါင်း(၉)မြို့နယ်တွင်လည်း အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသလို AA အဖွဲ့ကို အကြမ်းဖက်ကြေညာပြီးနောက် ဆက်သွယ်မေးမြန်းသတင်းဖော် ပြသည့် သတင်းမီဒီယာများကိုပါ ပြည်ထဲရေး ဝန်ကြီးဌာနက အကြမ်းဖက်မှုဆိုင်ရာဥပဒေဖြင့် ဖမ်းဆီး အရေးယူမှုများ လည်း ပြုလုပ်ခဲ့သလို ပြည်တွင်းသတင်းဌာနအချို့၏ အင်တာနက် သတင်းစာမျက်နှာများကိုပါ ဆက်သွယ်ရေး အော်ပရေ တာများမှ ပိတ်ပင်ထားမှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် တပ်မတော်၏ လေကြောင်းစစ်ဆင်ရေးများဖြင့် ဗုံကြဲးတိုက်ခိုက်မှုများ ပြုလုပ်ခြင်းကြောင့် ဒေသခံ အရပ်သား ပြည်သူများ ထိခိုက်သေဆုံးမှုများရှိနေသလို ဒေသ ကျွေးရွားများထဲသို့ လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခြင်းကြောင့် ဒေသခံရွာသားများ ထိမှန်သေဆုံးမှုများရှိခဲ့ပြီး ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရသူများ သိန်းနှင့်ချီရှိနေကြောင်းသိရသည်။

ထိုသို့ မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်သူလူထုများ ထိခိုက်သေဆုံးမှုများ အပေါ် IKO အနေဖြင့် အပြင်းအထန်ကန့်ကွက် ရှုတ်ချကြောင်းနှင့် ကမ္ဘာ့ကပ်ရောဂါကြောင့် စစ်ပွဲများ ရပ်စဲထား ရန် ကမ္ဘာ့ ကုလသမဂ္ဂ၏ မေတ္တာရပ်ခံနေချိန်တွင် မြန်မာအစိုးရနှင့် တပ်မတော်အနေဖြင့် စစ်ရေး အရှိန် တိုးမြှင့်လုပ်ဆောင်နေကြောင်း IKO၏ ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

လက်ရှိတွင်လည်း မြန်မာပြည်သူလူထုများအနေဖြင့် ကမ္ဘာ့ ကပ်ရောဂါဆိုးကို ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသား ဒေသများတွင် တပ်မတော်၏ စစ်ရေး အစီအစဉ်များကို ဆိုးရွားစွာ ခံစားနေကြရပြီး အပြစ်မဲ့တိုင်းရင်းသားပြည်သူလူထုများ၏ ဘဝလုံခြုံရေး အတွက် အစိုးရနှင့် တပ်မတော် အနေဖြင့် တစ်နိုင်ငံ ပစ်ခတ်ရပ်စဲမှုကို ချက်ချင်း ရပ်စဲရန် IKO၏ ထုတ်ပြန်ချက်၌ တောင်းဆိုထားသည်။

အလားတူပြီးခဲ့သည့် လများတွင်လည်း ရခိုင်းပြည်နယ်အပါအဝင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် ရှိ အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဒေသများတွင်လည်း မြန်မာ့ တပ်မတော်မှ ဒေသခံ ပြည်သူများအပေါ် ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုအပြင် ပစ်ခတ်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ ကြောင်း ဒေသတွင်း လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့အစည်းများမှ အသီးသီး သတင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ လုပ်ရပ်များအပေါ် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသည့် လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီး အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများအပြင် တိုင်းရင်းသားလက်ကိုင်အဖွဲ့အစည်းအချို့မှ ကမ္ဘာ့ ကပ်ရောဂါ (COVID-19) ဖြစ်ပွာချိန် တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ မပြုလုပ်ရန်နှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲမှုကို ကြေညာရန် တိုက်တွန်းတောင်းဆိုထားမှုများပြုလုပ်ခဲ့သည်။

နိုင်ငံ တကာကရင်အဖွဲ့အစည်း -IKOကို အာရှ-ပစိဖိတ်၊ ဥရောပ၊ မြောက်အမေရိက စသည့်နိုင်ငံပေါင်း ၃၀ကျော်မှ ကရင်လူမှုအဖွဲ့အစည်းများဖြင့် ၂၀၁၄ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းထားခဲ့သည်။

စအိုင်ဆူး(ကေအိုင်စီ)ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here