လေကြောင်းပစ်ခတ်မှုကြောင့် ပလက်ဝဒေသခံ အရပ်သား (၇) ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ

0
231

၈ ဧပြီ ၂၀၂၀။

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ဧပြီလ (၇) ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲတွင် တပ်မတော်က ရဟတ်ယာဉ်ဖြင့်ဗုံးကြဲပစ်ခတ်မှုကြောင့် နန်းချောင်း၀ကျေးရွာမှ အရပ်သား (၇) ဦးသေဆုံးကာ (၈) ဦးဒဏ်ရာရရှိခဲ့သည်ဟု ပလက်၀မြို့နယ် အမျိူးသား လွှတ်တော်ကိုယ်စားလှယ်ဆလိုင်းမျိူးထိုက်က ပြောသည်။

“(၇) ဦးက ပွဲချင်းပြီးသေတယ်၊ (၈) ဦးက ဒဏ်ရာရတယ်၊ အိမ်တွေလည်း မိီးလောင်ပျက်ဆီးတယ်၊ အခုဒဏ်ရာရသူတွေက မနက်မှ ပလက်၀ကိုရောက်တယ် (၂) ယောက်က ဒဏ်ရာပြင်းထန်နေတုန်း အဲဒါကို ဆမီးဘက် မတူပီ မင်းတပ်ပိုဖို့တွက် ဘယ်လိုလုပ်ကြမလဲဆိုတာကို အခုပလက်၀ဖက်က တာ၀န်ရှိတဲ့လူတွေစီစဉ်နေတယ်” ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး ပလက်ဝမြို့ ပြည်သူ့ဆေးရုံမှ ဒေါက်တာအေးကျော်က “ရောက်လာတာ (၇) ယောက် အမျိုးသားတစ်ယောက်ထဲပါတယ် အမျိုးသမီး (၆) ယောက် စိုးရိမ်ရတာတစ်ယောက်ပဲ၊ ဒဏ်ရတဲ့သူတွေကို ကျနော်တို့ ဓာတ်မှန်ရိုက်ပေးထားတယ် လက်မောင်း ဘယ်ဘက်လက်ကောက်ဝတ်ဒဏ်ရာတို့ နောက်တစ်ယောက်ကတော့ ဘယ်ဘက်ရင်အုံ ပြင်ပမီးလောင်ဒဏ်ရာဓာတ်မှန်ရိုက်ထားတယ် ညာတင်ပါး ညာခြေထောက်ဒဏ်ရာ ဓာတ်မှန်တွေရိုက်ထားတယ် အခုဦးခေါင်းဒဏ်ရာလည်း ဓာတ်မှန်ရိုက်ထားတယ် အဲဒါက မိန်းကလေးတွေဖြစ်တယ် ကျနော်တို့အခုအတတ်နိုင်ဆုံး ကုသပေးထားတယ် ဆရာဝန်များနှင့် ဆရာမတွေကကုသပေးထားတယ် သူတို့အခြေအနေတွေကတော့ လောလောအဖြေမထွက်သေးကြတော့ ပြောလို့မရသေးတာရှိတယ်” ဟုပြောသည်။

ပလက်၀-ကျောက်တော်ကားလမ်းမပေါ်တွင်တည်ရှိသည့် နန်းချောင်း၀ ကျေးရွာကို မယန်နေ့ညနေပိုင်း ၃ နာရီနှင့် ၅ နာရီကြားတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး လူနေအိမ် (၇) လုံးနှင့် ဆန်စက်တစ်လုံးလည်း မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ကလည်း တပ်မတော်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပလက်၀မြို့နယ် ဘောင်၀ကျေးရွာတွင် လူနေအိမ် (၁၃) လုံးမီးလောင်းပျက်စီးခဲ့ပြီး ရွာသား (၂) ဦး ဒဏ်ရာရရှိခဲ့သည်။

ပလက်၀မြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရကိ္ခုင့်တပ်တော် AA တို့တိုက်ပွဲပြင်းထန်လာပြီး တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲပစ်ခတ်မှုများ ခတ်စိတ်စိတ်ပြုလုပ်လာခဲ့သည်။

ပြီးခဲ့သည့် မတ်လ (၁၄) နှင့် (၁၅) ရက်နေ့ကလည်း တပ်မတော်လေကြောင်းပစ်ခတ်မှုကြောင့် မိတ်စာ၀၊ ၀က်မနှင့် ပြိုင်တင်ကျေးရွာတို့မှ အရပ်သားပြည်သူ (၂၁) ဦးသေဆုံးခဲ့ပြီးဖြစ်သည်။ ယခုဗုံးကြဲပစ်ခတ်ခံရသည့် နန်းချောင်း၀ကျေးရွာသည် အိမ်ခြေ (၄၀) ခန့်ရှိပြီး ပလက်မြို့နှင့် (၁၀) မိုင်ခန့်ကွာဝေး သည်။

လားနွန်(ခိုနူမ်းသုန်)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here