ပလက်၀မြို့နယ် အထွေထွေရွေးကောက်ပွဲရလဒ် ပြည်သူ့ဆန္ဒမထင်ဟပ်နိုင်ကြောင်း လေ့လာသူများ ဝေဖန်

0
104

၃၀ အောက်တိုဘာ ၂၀၂၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့နယ်၏ ကျေးရွာအုပ်စုအားလုံးနီးပါးတွင် ရွေးကောက်ပွဲမကျင်းပရန်ကြေညာလိုက်သည့်အတွက် ပလက်၀ြမ်ို့နယ်၏ အထွေထွေရွေးကောက်ပွဲသည် ပြည်သူ တရပ်လုံး၏ ဆန္ဒထင်ဟပ်နိုင်မည်ဟုတ်ဟု ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက ဝေဖန်လိုက်ကြသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ၁၀၀ ရှိတဲ့ထဲမှာ ၉၄ ခုလောက်ကဖျက်ပြီးတော့ နည်းနည်းပဲလုပ်တယ်ဆိုတာက ပြည်သူလူ ထုရဲ့ဆန္ဒကိုမထင်ဟပ်တော့ဘူး၊ ရာခိုင်နှုန်း အင်မတန်နည်းတဲ့ နေရာလောက်ဘဲ ရွေးကောက်ပွဲလုပ်တယ် ဆိုလို့ရှိရင် တစ်နယ်လုံးရဲ့ ဆန္ဒကို ထင်ဟပ်မှုရှိလားဆိုတာ မေးခွန်းထုတ်စရာဖြစ်သွားတာပေါ့၊ အဓိကတော့ ပြည်သူတွေရဲ့ Right to Vote ဆုံးရှုံးသွားတာပေါ့၊ ပြည်သူလူထုရဲ့ Power Distribution က ရွေးကောက်ပွဲကနေသွားတာဆိုတော့ အများစုက မဲမထည့်ရတဲ့အခါမှာ သူတို့ရဲ့ကိုယ်စားပြုမှု မပီပြင်တော့ဘူး”ဟု ရွေးကောက်ပွဲလေ့လာစောင့်ကြည့်မှုများလုပ်ဆောင် နေသည့် Civic Development Institute မှ ဆလိုင်းဘွေရိုဆန်ကပြောသည်။

ပလက်ဝမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၁၀၂အုပ်စုရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကျေးရွာအုပ်စု ၉၄ ခုတွင် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း ကြေညာခဲ့သဖြင့် တစ်မြို့နယ်လုံး၏ ၇ ရာခိုင်နှုန်းခန့်မှာသာ ရွေးကောက်ပွဲကျင်းပနိုင်မည်ဖြစ်သည်။

ယခုကဲ့သို့ ပလက်၀ြမ်ို့နယ်ကျေးရွာအုပ်စုအများစုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်တော့မည့်အပေါ် နို၀င်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မလာမှာကို ဒေသခံအချို့က စိုးရိမ်မှုများရှိ နေကြောင်း သိရသည်။

အမည်မဖော်လိုသူ ပလက်ဝဒေသခံတစ်ဉီးမှ “အကုန်လုံးတော့ လွတ်လပ်တဲ့ရွေးကောက်ပွဲတော့ ဖြစ်မှာမဟုတ်ဘူး၊ အကုန်လုံးရဲ့ ဆန္ဒနဲ့ ရွေးချယ်တင်မြောက်မှာမဟုတ်တော့ လုံခြုံရေးအခြေအနေပေါ်မှာ လုပ်ရတာဖြစ်တဲ့အတွက်ကြောင့် အကုန်လုံးရဲ့ ဆန္ဒမဲဖြစ်တဲ့ဟာတော့ ရမှာမဟုတ်ဘူး၊ အခုက ရတဲ့နေရာတွေလောက်ဘဲလုပ်မှာဆိုတော့ စောင့်ကြည့်ရမယ့်အနေအထားတော့ ရှိပါတယ်”ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၁၀၂ အုပ်စုရှိသည့်အနက် မဲဆန္ဒနယ်အမှတ် (၁) တွင် ၄၅အုပ်စု၊ အမှတ်(၂) တွင် (၅၇) အုပ်စုရှိပြီး ပလက်ဝမြို့ပေါ်ရှိ ရပ်ကွက် (၄) ခု၊ ဆမီးမြို့ပေါ်ရှိ ရက်ကွက် (၃) ခုနှင့် ရှင်းလက်ဝကျေး ရွာအုပ်စုစသည့် (၈) နေရာတွင်သာ ရွေးကောက်ပွဲကျင်းပကြမည်ဖြစ်သည်။

လွှတ်တော် မဲဆန္ဒနယ်မြေ (၅) ခုရှိသည့် ပလက်ဝမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၆) ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄ ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ တစ်မြို့နယ်လုံးရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ခိုနူမ်းသုန်မှ ပေးပို့သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here