မြောက်ဦးမြို့နယ်အတွင်း အမျိုးသား (၁၄)ဦးကို ဖမ်းဆီးထားကြောင်း တပ်မတော်ထုတ်ပြန်

0
238

မတ် ၅ ရက် ၂၀၂၀

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာအနီးဖြစ်ပွားခဲ့သောတိုက်ပွဲအပြီး မသင်္ကာဖွယ်အမျိုး သား(၁၄)ဦးကို ဖမ်းဆီးထားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မတ်လ ၃ ရက်က သတင်း ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၉ ရက်၊နံနက်ပိုင်းနှင့်ညနေပိုင်းတွင် မြောင်းဘွေကျေးရွာ၏အနောက်ဘက် မီတာ (၁၅၀၀)ခန့် အကွာသို့အရောက်၌ ရက္ခိုင့်တပ်တော်(AA)က နေရာသုံးနေရာမှ ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက် နက်ကြီး၊လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်အတွင်း တပ်မတော်ဘက်က အရာရှိ၊စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လုပ်ငန်းယာဉ်နှစ်စီး မိုင်းစထိမှန်ပျက်စီးခဲ့သည်။ထို့ပြင် AA ထံမှ အလောင်းနှစ်လောင်းနှင့်ဖြစ်စဉ်ေနရာတစ်ဝိုက်မှ မသင်္ကာဖွယ် ထွန်း ထွန်းဝင်း(ဘ)ဦးစိန်ထွန်းအောင်အပါအဝင် (၁၄)ဦးကိုဖမ်းမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ရေးထားသည်။

ဖမ်းဆီးရမိသူများအား ကနဦး စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့ထဲမှ အချို့သည် မင်းပြား-မြောက်ဦး-ကျောက်တော်ကားလမ်း တစ်လျှောက် တပ်မတော်စစ်ကြောင်းများ၊ မော်တော်ယာဉ်များ သွားလာလှုပ်ရှားမှု အားစောင့်ကြည့်၍ AA ထံသို့ သတင်းပေးပို့ နေသူများဖြစ်ကြောင်းနှင့် တပ်မတော်ယာဉ်တန်းများ၊ စစ်ကြောင်းများအား မိုင်းခွဲတိုက်ခိုက်ခြင်း၊ ချောင်းမြောင်း ပစ်ခတ်ခြင်းများတွင် ပါဝင်ပတ်သက်သူများ ဖြစ်ကြောင်းဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့က မြောင်းဘွေကျေးရွာအနီးတွင် တပ်မတော်ယာဉ် (၁၈)စီးကို ရက္ခိုင့်တပ်တော်(AA) က တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲကြောင့် ဘူးတလုံး၊ အမြောက်တောင်၊ လက်သန်းချေ၊ ကျွဲတဲ၊ ရွှေလှံကျေးရွာမှ ဒေသခံ (၉)ဦး သေဆုံးသွားပြီး (၁၈)ဦးဒဏ်ရာရရှိသွားသည်ဟု ရခိုင်တိုင်းရင်းသားမျိုး နွယ်များအစည်းအရုံး(REC)က ထုတ်ပြန်ထားသည်။

ယင်းဖြစ်စဉ်တွင် ရွှေလှံကျေးရွာမှ ဦးထွန်းထွန်းဝင်းအပါအဝင် (၅)ဦးနှင့် အခြားကျေးရွာများမှ (၈)ဦး စုစုပေါင်း (၁၃)ဦးကို တပ်မတော်ကဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။တစ်ချို့ကို နေအိမ်အတွင်း လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက ပြော သည်။

မတ်လ (၂)ရက်နေ့က လက်သန်းချေကျေးရွာမှ ကိုမောင်ကျော်ခိုင်(၃၆ နှစ်) ၊ ကျွဲတဲကျေးရွာမှ ကိုမောင်သန်းဌေး (၃၉ နှစ်)နှင့် ဘူးတလုံးမွတ်ဆလင်ကျေးရွာမှ ဟာဘီအာလောင် (၅၂ နှစ်)တို့၏ သေဆုံးနေသည့်အလောင်းကို တွေ့ရှိခဲ့ပြီး ရွှေလှံကျေးရွာမှ ဦးမောင်စောလှိုင် (၄၇ နှစ်) ၏ ရုပ်အလောင်းကို မတ်လ (၁) ရက်နေ့က တွေ့ရှိခဲ့သည်။၎င်းတို့သည် တပ်မတော်က ဖမ်းဆီးရာတွင် ပါဝင်သွားသူများဟု ဒေသခံ များကဆိုသည်။

သို့သော် ယင်းအလောင်းတွေ့ရှိမှုနှင့်ပတ်သက်၍ တပ်မတော်၏ ထုတ်ပြန်ချက်တွင် တစ်စုံတစ်ရာဖော်ပြထား ခြင်းမရှိပေ။ ယင်းကိစ္စကို အသေးစိတ်သိရှိနိုင်ရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကိုဆက် သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

“အခု ဖမ်းသွားတာက တပ်မတော်က ဖမ်းသွားတာ။ဒီလူတွေ ရှိသေးလား၊မရှိတော့ဘူးလားသိချင်တယ်။ဘယ် လောက်ရှိတယ်ဆိုတာကို လူနာမည်တွေနဲ့သိချင်တယ်။မိသားစုေတွလည်း သိပ်စိတ်ပူနေကြတယ်။ထမင်းမစား၊ ဟင်းမစားကြဘူး။ရွာသားတွေလည်း စိတ်ပူနေကြတယ် ”ဟု တန်းပြင်းကြီးကျေးရွာအုပ်ချုပ်ေရးမှူး ဦး မောင်သာညွှန့်ကပြော သည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားေနပြီး အရပ် သားများထိခိုက်သေဆုံးမှု၊ဖမ်းဆီးမှုခံရမှုအရေအတွက်မြင့်တက်လျက်ရှိသည်။

ခိုင်ရိုးလ(DMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here