ရခိုင်စစ်ဘေးရှောင်များ၏ ပညာရေးအခက်အခဲများကို NRPC ကိုတင်ပြသွားမည်

0
439

ရခိုင်စစ်ဘေးရှောင်စခန်းများက ကျောင်းသား၊ကျောင်းသူများ၏ ပညာရေးအခက်အခဲများကို အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)ကိုတင်ပြသွားမည်ဟု စစ်တွေတက္ကသိုလ် လူငယ်ငြိမ်းချမ်းရေး သံတမန်များထံက သိရသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က စစ်တွေတက္ကသိုလ်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၏ လမ်းညွှန်ချက်ဖြင့် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဖြေရှင်းခြင်းဆိုင်ရာဆွေးေနွးပွဲတစ်ခုပြုလုပ်ခဲ့သည်။ ယင်းဆွးနွေးပွဲတွင် “ပဋိပက္ခ နယ်မြေမှာ နေထိုင်တဲ့ လူငယ်တွေရဲ့ ပညာရေးအခက်အခဲတွေကို ဘယ်လို ဖြေရှင်းကြမလဲ”ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲတွင် စစ်ဘေးရှောင်စခန်းများသို့ရောက်ေနသည့် ကျောင်းသား၊ကျောင်းသူများ၏ အခက် အခဲများ၊တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် ပညာသင်ကြားပေးနေသည့် ဆရာ၊ဆရာမများ၏လုံခြုံရေး အခြေအနေများအပါအဝင် ဘုံသဘောတူညီချက်သုံးချက်ထွက်ေပါ်ခဲ့ပြီး ယင်းအချက်များကိုတင်ပြသွားမည်ဟု စစ်တွေတက္ကသိုလ် လူငယ်ငြိမ်းချမ်းရေး သံတမန် ဆလိုင်းထွန်းလှကျော်က ပြောသည်။

“စစ်ဘေးရှောင်စခန်းကိုရောက်ရှိေနကြတဲ့ ကျောင်းသားတွေရဲ့ အခက်ခဲတွေ၊ နောက်ပြီးတော့ ပဋိပက္ခဖြစ် ပွားရာ ဧရိယာထဲမှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေရဲ့ လုံခြုံမှု၊ ပြီးတော့ အဲဒီဒေသမှာ ပညာသင်ကြားနေကြတဲ့ ဆရာ၊မတွေရဲ့လုံခြံုမှုအခြေနေတွေ၊ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသက လူတွေဟာ စီးပွားရေးအခက်ခဲတွေဖြစ်နေရင် သူတို့ရဲ့စားနပ်ရိက္ခာ သက်မွေးဝမ်းကျောင်းလုပ်လို့မရတဲ့အတွက် နစ်နာမှုတွေရှိတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်လူငယ်များ၏ ခံစားချက်များကို သိစေချင်သည့်အတွက် NRPC သို့တင်ပြသွားမည်ဟု စစ်တွေတက္ကသိုလ် အမျိုးသမီးလူငယ် ငြိမ်းချမ်းရေးသံတမန် မဆုမြတ်ကေသီခိုင်ကဆိုသည်။

“အခုဆွေးနွေးခဲ့တဲ့ လူငယ်တွေရဲ့ ခံစားချက် ၊ ငြိမ်းချမ်းရေးအပေါ်မှာ ဘယ်လိုမျှော်မှန်းထားလဲဆိုတဲ့ အသံကို သိစေချင်လို့ (NRPC) သူတို့ဆီရောက်အောင် တင်ပြတာပါ။ ဒီဒေသမှာ ဒီလိုမျိုးဖြစ်နေတာကို သူတို့မသိဘူး။ ဒါကြောင့် သိအောင်တင်ပြရတာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၁)သိန်းကျော်အထိရှိ နေပြီး ယင်းအထဲတွင် ကျောင်းသား၊ကျောင်းသူများပါဝင်ေနပြီး တစ်ချို့မှာ ပညာသင်ကြားရေးပိုင်းမှာအခက် အခဲရှိနေကြသည်။

ခိုင်ရိုးလ(DMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here