ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ကိုတူရယ်နှင့် တွေ့ဆုံခြင်း

0
291

“တပ်တွေအနေနဲ့ .. တောင်သူလယ်မားတွေအပေါ်မှာ စွဲဆိုထားတဲ့ အမှုအားလုံးကို အမြန်ဆုံးရုပ်သိမ်းပေးခြင်းအားဖြင့် တောင်သူလယ်သမား အပေါ်ထားတဲ့ သဘေားထားကြီးမှုကို ပြသနိုင်ရင်တော့ အကောင်းဆုံးပါ” ကိုတူရယ် (ဥက္ကဌ – ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ)

တောင်သူလယ်သမားအရေး ၊ ဌာနေတိုင်းရင်းသားများ အခွင့်အရေး၊ နိုင်ငံသားတို့ရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေး စသဖြင့် ကူညီဆောင်ရွက်ပေးနေတဲ့ ကယားပြည်နယ်က ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂမှ ၀န်ထမ်း (၃)ဦးကို မြန်မာ့တပ်မတော်က တရားစွဲထားပါတယ်။ ဒါ့အပြင် ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းက ခလရ – ၂၅၀ ၊ အမတ – ၃၅၆ နဲ့ ဒီမောဆိုမြို့နယ် အမတ – ၃၆၀ စတဲ့ မြန်မာ့တပ်မတော် တပ်ခွဲတွေကနေ ဒေသခံတောင်သူလယ်သမားတွေ အပေါ် တရားစွဲဆိုလာခဲ့တာဟာ အခုဆိုရင် တောင်သူလယ်သမား (၄၀)ဦးအထိ ရှိနေပါပြီ။

ဒီလို ဒေသခံတိုင်းရင်းသား တောင်သူတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေဟာ NCA လက်မှတ်ထိုးနိုင် ရေး ဆွေးနွေးညှိနှိုင်းလျက်ရှိတဲ့ KNPP နဲ့ NRPC ၊ တပ်မတော် တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် မည်မျှ သက်ရောက်မှုရှိနိုင်ပါသလဲ။ ယခုကဲ့သို့ လယ်ယာမြေကို အကြောင်းပြုပြီး တရားစွဲဆိုခံနေကြရတဲ့ တောင်သူလယ်သမားတွေအရေးကိစ္စကို ထည့်သွင်းစဉ်းစားဖို့ လိုနေပြီလား စတဲ့ မေးခွန်းတွေကို ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ကိုတူရယ်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ကယား(ကရင်နီ)ပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ဒေသခံတောင်သူလယ်များတွေအပေါ် တရားစွဲဆိုနေတာတွေက ဘယ်လိုသက်ရောက်မှုမျိုးရှိနေပါသလဲ။

ဖြေ ။ ။ တောင်သူတွေရဲ့ အရေးကိစ္စက ငြိ်မ်းချမ်းရေးဖြစ်စဉ်မှာ သွားပြီး အကျိူးသက်ရောက်မှုဖြစ်စေတယ်။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးဆိုတာ အလွှာစုံ လူတန်းစားစုံ အတွက်ဖြစ်တယ်။ အခြေခံ တောင်သူလယ်သမားလူတန်းစားတွေဟာလည်း ကြောက်ရွံစိတ် စ်ိုးရိမ်ပူပန်စိတ်ကြောင့် ငြိမ်းချမ်းစွာ မနေထိုင်နိုင်ဘူး၊ ငြိမ်းချမ်းစွာ လုပ်ကိုင််စားသောက်ခွင့်မရှိဘူး၊ ငြိမ်းချမ်းစွာသွားလာခွင့် မရှိတဲ့တွက်ကြောင့် သူတိုဘ၀လံှုခြုံမှုအတွက် ကြောက်ရွံစိတ့် ပူပန်စိတ်များပြီးတော့ ရှင်သန်နေထို်င်ခြင်းဟာ ငြိမ်းချမ်းရေး မရှိသလိုဖြစ်နေတယ်။ အဲ့တွက်ကြောင့် ငြိမ်းချမ်းရေးကိုလည်း အများကြီးထိခိုက်လာနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးဟာ လူတန်းစားတစ်ရပ်အတွက်ပဲဖြစ်ပြီးတော့ အခြေခံလူတန်းစားတောင်သူလယ်သမား တွေအတွက်မဖြစ်လို့ ငြိမ်းချမ်းရေးကို အများကြီးထိခိုက်နိုင်ပါတယ်။

မေး ။ ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဒီလိုတောင်သူအရေးကိစ္စတွေကို ထည့်သွင်းဆွေးနွေးသင့်ပါသလား။ ဘယ်လို ယူဆပါသလဲ။

ဖြေ ။ ။ ငြိမ်းချမ်းရေးစကား၀ိုင်းတွေမှာ တောင်သူလယ်သမားတွေအတွက် ထည့်တွေးနွေးသင့်တယ်။ ဘာကြောင့်လဲဆိုတော့ လူတန်းစားတစ်ရပ်က မငြိမ်းချမ်းတဲ့ဘ၀နဲ့ နေရတယ်၊ စိုးရိမ်ထိတ်လန့်စွာနဲ ့ ရှင်သန်နေရတယ်ဆိုတာမျိုးက မဖြစ်သင့်ဘူး။ ဒါကြောင့် ငြိမ်းချမ်းရေး စကား၀ိုင်းတိုင်းမှာ ဖိနိုပ်ခံနေရတဲ့ တောင်သူတွေရဲ ့အရေးကိုလည်း ထဲထဲ၀င်၀င် ဆွေးနွေးပေးဖို ့လိုတယ်။ ဒါမှသာလျှင် လူတန်းစားအလွာမှာ ဖြစ်နေတဲ့ ဘ၀အမှန်တွေ သူတို့ဘ၀လူနေမှုတွေကို ကျယ်ကျယ် ပြန် ့ပြန် ့သိလာမယ်။

မေး ။ ။လက်ရှိပြည်နယ်အတွင်း တရားစွဲဆိုခံရတဲ့ တောင်သူတွေအခြေအနေက ဘယ်လိုရှိပါလဲ။

ဖြေ ။ ။ အမျိုးသမီး အမယ်အို တစ်ယောက်ဖြစ်တယ်။ သူမကတော့ ဗမာစကားတော့မတတ်ဘူး၊ တော်တော် ၀မ်းနည်းစရာ ကောင်းတယ်။ ကယားပြည်နယ်မှာ အားလုံးစုစုပေါင်း တောင်သူလယ်သမား အယောက်(၄၀)လောက် တရားစွဲခံနေရတယ်။ ကယားပြည်နယ်ဟာ တပ်ကနေပြီးတော့ တောင်သူလယ်သမားကို တရားစွဲတာ အများဆုံးပြည်နယ်လို့ ကျွန်တော်မြင်မိတယ်။ ဘာကြောင့်လဲဆိုတော့ တောင်သူလယ်သမားတွေ အခုလောလောဆယ် စိတ်ပင်ပန်းနေရတယ် ၊ လံှုခြူံမှူလည်း မရှိတော့ဘူး ၊ ငိုကြွေးနေရတယ်။ ပြီးတော့ ကလေးတွေရဲ့ ပညာရေးကစ အဖေက ထောင်ထဲရောက်သွားတော့ သူတို့ သားသမီးတွေရဲ ့ပညာရေးက အတော်လေးစိုးရိမ်စရာဖြစ်တယ်။ ကလေးတွေလည်း ဒီအဖြစ်ပျက်ကိုကြည့်ပြီးတော့ ကျောင်းထွက်သွားမှာကို ကျွန်တော်တို့ အရမ်းစိုးရိမ်တယ်။ ဒီပြသာနာတွေ ဖြစ်နေတဲ့ ကယားပြည်နယ် တောင်သူလယ်သမား တွေရဲ့ဘ၀က အတော်လေး ရင်လေးစရာကောင်းတယ်၊ ၀မ်းနည်းစရာကောင်းတယ်၊ ကြေကွဲစရာလည်းကောင်းတယ်။

မေး ။ ။ အခုတောင်သူတွေကို တရားစွဲနေတဲ့ တပ်မတော်ကို ဘာတွေပြောချင်လဲ။

ဖြေ ။ ။ မြန်မာ့တပ်မတော်က ပြည်သူလူထုကို ကာကွယ်ရမယ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိအလင်း ဖော်ပြထားတာရှိတယ်။ ဆိုတော့ တောင်သူလယ်သမားတွေက ပြည်သူလူထုမဟုတ်ဘူးလား ဆိုတဲ့မေးခွန်းမေးစရာရှိပါတယ်။ တပ်တွေအနေနဲ့ တောင်သူတွေရဲ ့ဘ၀ကိုစာနာပါ နားလည်ပါ သနားပါ ငဲ့ညာပါ သဘေားထားကြီးပေးပါ။ တောင်သူလယ်မားတွေအပေါ်မှာ စွဲဆိုထားတဲ့ အမှုအားလုံးကို အမြန်ဆုံးရုပ်သိမ်းပေးခြင်းအားဖြင့် တောင်သူလယ်သမား အပေါ်ထားတဲ့ သဘေားထားကြီးမှုကို ပြသနိုင်ရင်တော့ အကောင်းဆုံးပါ။

မေး ။ ။ နိုင်ငံတော် အစိုးရကိုရော ဘာများဖြည့်စွက် ပြောချင်ပါသလဲ။

ဖြေ ။ ။ အစိုးရအနေနဲ့လည်း ပြည်သူလူထုတွေ အခြေခံတောင်သူလယ်သမားတွေ အခုလိုခံစားနေရတာတွေကို လက်ပိုက်ကြည့်နေတာမျိုးမဟုတ်ပဲနဲ့ ပြည်သူလူထုကို ကာကွယ်ရမဲ့တာ၀န်ကို ကျေပွန် စေချင်တယ်။ဘယ်လိုနည်းနဲ ့ကာကွယ်ပေးရမလဲ၊ ဘယ်လိုနည်းနဲ့ပြောပေးနိုင်မလဲ ၊ဘယ်လိုနည်းနဲ့ကြား၀င် ဖြန်ဖြေညှိနိုင်း ပေးနိုင် ဆိုတဲ့နည်းလမ်းကိုအမြန်ဆုံး ရှာသင့်တယ်။ ဒါမှပဲ အစိုးရတစ်ရပ်ရဲ ့ တာ၀န်ယူမှု တာ၀န်ခံမှုကို ပြသရာရောက်တယ်။

မေး ။ ။ ကျေးဇူးတင်ပါတယ်။

မော်ဦးမြာ(kantarawaddytimes)- တွေ့မေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here