ကချင်စစ်ပွဲ(၇)နှစ်ပြည့်ဆုတောင်းပွဲကို ဦးဆောင်သော Sara Ying Kyang ကို တရားစွပ်စွဲရာ ငြိမ်းစုစည် ပုဒ်မ(၂၀)အဖြစ် ငွေဒဏ်တစ်သောင်း နှင့် ဇွန် လ ၁၁ ရက်နေ့တွင် မြို့နယ် တရားရုံးက စီရင်ချမှတ်ပြီး ပြီးဆုံးစေခဲ့ပါသည်။
ဇွန်လ(၉)ရက်တွင်ပြုလုပ်သော ထိုဆုတောင်းခြင်း အစီစဉ်တွင် တွင် ရဲစခန်းက ခွင့်ပြုထားသော သတ်မှတ်ချိန် ကျော်လွန်ခြင်း နှင့် ပိတ်ပင်ထားသော ပြဇတ်ကို ပြသခြင်းကြောင့် တရားစွဲရခြင်း ဖြစ်သည်ဟု မြို့နယ် ရဲမှူး မြင့်မိုးက ထိုနေ့တွင် ပြောဆိုခဲ့ပါသည်။
ထို့အတူ ဧပြီလတွင် ဖြစ်ပွာသော တိုက်ပွဲများကြောင့် တောတွင်းပိတ်မိပြည်သူများ လွတ်မြောက်ရေး ဆန္ဒဖော်ထုတ်ခဲ့သော လူငယ်ခေါင်းဆောင် ၃ ဦးကိုလည်း တပ်မတော်က အသေရေဖျက်မှုဖြင့် တရားစွဲထားဆဲ ဖြစ်ပါသည်။