ကရင်ပြည်နယ်အတွင်း လက်နက်ကြီး ပစ်ခတ်မှုများအပေါ် အရေးပေါ်တုန့်ပြန်မှုများ လိုအပ်နေကြောင်း KPSN ထုတ်ပြန်

0
276

၁၈ ဇန်နဝါရီလ ၂၀၂၁

ကရင်ပြည်နယ်တောင်ပိုင်း ခလယ်လွီထူ (ညောင်လေးပင်) ခရိုင် နှင့် မူတြော် (ဖာပွန်) ခရိုင်တို့တွင် ဗမာတပ်မတော်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုများကြောင့် ရွာသူကြီး တစ်ဦး သေဆုံးမှု နှင့် ဒေသခံ ပေါင်း ၃၇၀၀ ကျော်နေရပ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်နေရမှုအပေါ် ကရင်ငြိမ်းချမ်းရေးအထောက်အကူ ပြုကွန်ယက်(KPSN)မှ ဇန်နဝါရီလ ၁၈ရက်တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

ဇန်နဝါရီလ ၁၅ ရက် ၂၀၂၁ တွင် တပ်မတော် ခမရ ၃၃၉ မှ မယ်၀ိုင်တွင် လက်နက်ကြီးများ ပစ်ခတ်ခဲ့မှုကြောင့် ၁၁ နှစ်သားအရွယ် ကလေးငယ်တစ်ဦးမှာ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ရွားသားများမှ မိမိတို့နေအိမ်သို့ ပြန်နိုင်ရန်အတွက် အဆိုပါနေရာမှ တပ်များအား ပြန်လည်ဆုတ်ခွာရန်နှင့် တိုက်ခိုက်မှုများအား ချက်ချင်းရန်တန့်ရန်အတွက် တပ်မတော်အား KPSN မှ တောင်းဆိုထားသည်။

၂၀၂၀ ဒီဇင်ဘာလမှ စတင်ကာ ကေအဲန်ယူ တပ်မဟာ (၅) မူတြော်ခရိုင်ရှိ ဒွယ်လိုး နှင့် လူသော မြို့နယ်ရှိ တပ်မတော်၏ တပ်ရင်း (၅) မှ အနီးတ၀ိုက် ရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်မှုများကြောင့် ကျေးရွာ ၁၂ ရွာမှ ဒေသခံပေါင်း ၃၁၇၆ ဦး ထွက်ပြေးတိမ်းရှောင်နေရပြီး အနီးနားရှိ တောတွင်းနေရာများတွင် ပုန်းခိုနေရပြီး မူတြော်တောင်ပိုင်းရှိ ဗျူဟာလမ်းအား တပ်မတော်မှ အင်းအားသုံးကာ ထိုးစစ်ဆင်ပြီး ဖောက်လုပ်ရန်ကြိုးစားခဲ့သည့် ယမန်နှစ်ကာလတွင်လည်း တပ်မတော်၏ လက်နက်ကြီးများ ပစ်ခတ်မှုများ ကြောင့် အဆိုပါ ရွာသားများမှာ အလားတူထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

မကြာသေးခင် ၂၀၂၁ ဇန်နဝါရီလ ၆ ရက်နေ့တွင် အဆိုပါတိုက်ခိုက်မှုများအပေါ် မူတြော် နှင့် ခလယ်လွီထူမှ ထောင်ပေါင်းများစွာရွာသားများမှာ ၎င်းတို့ဒေသအတွင်း တပ်စခန်းများအား တပ်မတော်မှ ရုတ်သိမ်းပေးရန်နှင့် စစ်တပ်မှ လမ်းဖောက်လုပ်နေမှုအား ရပ်တန့်ပေးရန် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုထားသော KNU ကို အထင်အရှား လစ်လျူရှုရုံ သာမက ကိုဗစ်-၁၉ အကြပ်အတည်းကာလအတွင်း တဖက်သတ်ကြေညာခဲ့သည့် အပစ်ရပ်ထုတ်ပြန်ချက်ကို တရားမဲ့လက်လွတ် လုပ်ဆောင်နေသည့် အပေါ် ရှုံ့ချကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန် ယက်က ထုတ်ပြန်သည်။

MPM – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here