KNC ပါတီမှ ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

0
244

ကချင်အမျိုးသား ကွန်ဂရတ် ပါတီ KNC မှ လာမည့် ၂၀၁၈ နိုဝင်ဘာတွင်ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မြစ်ကြီးနားမြို့နယ် အမျိုးသားလွတ်တော် လစ်လပ်နေရာအတွက် ပါဝင်ယှဉ် ပြိုင်မည် ဖြစ်ကြောင်း ပါတီ ဥက္ကဌ ဒေါက်တာ ကောန်လ သူ၏ လူမှု စာမျှက်နှာတွင် ပြောထားသည်ကိုတွေ့ရသည်။

Kachin National Congress KNC ပါတီသည် ကချင်ပါတီများ ပူးပေါင်းရေးကို သဘောတူ လက်မှတ် ရေးထိုးထား သော်လည်း လက်ရှိ KDP, KSDP နှင့် UDPKS ၃ ပါတီ သဘောတူထားသော KSPP တွင် ပါဝင်နိုင်ရန် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း သိရပါသည်။

“ပါတီများ ပေါင်းစည်းရေး အခန်းကဏ္ဍအတွက် ဧပြီလ ၁ဝရက် မဂျွယ်ခန်းမ လူထုစည်းဝေးမှ တာဝန်ပေးအပ် နှင်းထားသော ၁၇ ဦးကော်မတီ၏ အဆုံးအဖြတ်ကို စောင့်စားလျက် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို ၁၇ ဦးကော်မတီ၏ ညှိနှိုင်းဆောင်ရွက်အရ လက်ခံဆောင်ရွက်သွားမည်ဖြစ်သည်” ဟု KNC ပါတီ ဥက္ကဋ္ဌ M Kawn La ၏ Facebook စာမျက်နှာတွင် ရေးသားထားပါသည်။

ယခု လို KNC ပါတီမှ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်မည်ဟု ကြေညာ ခြင်းမပြုလုပ်ခင် ပူးပေါင်းထားနှင့်ပြီ ဖြစ်သော KSDP ၊ KDP နှင့် UDPKS တို့သည် KDP ဥက္ကဌ ဦး Grumgrawng AwngHkam ကို ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဇွန်လ ၅ရက်နေ့တွင် သဘောတူ ထားကြောင်း သိရပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here