ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အရေးယူခြင်းခံရသော ဆန္ဒပြ လူငယ် ၃ ဦး ဒဏ်ငွေဖြင့် လွတ်မြောက်

0
293

၂၀၁၈၊ ဒီဇင်ဘာလ၊ ၇ရက်နေ့၊ မြစ်ကြီးနားမြို့နယ် တရားရုံး၏ တရားစီရင်မှုကို ကန့်ကွက်ဆန္ဒပြရာတွင် ပါဝင်ခဲ့သော လူငယ် ၃ ဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အရေးယူထားမှု ယနေ့ ဒဏ်ငွေဖြင့် အပြီးသတ် အမိန့်ချမှတ်ခဲ့ပါသည်။

မဆွတ်ဆိုင်းထွေယ်အား အလားတူဖြစ်စဉ် ကျူးလွန်ခဲ့ဖူးသည့်အတွက် ဒဏ်ငွေ ၁ သိန်း၊ ရှေ့နေ ဆိုင်းခွမ် နှင့် ဆရာဘရန်မိုင် အား ဒဏ်ငွေ ၃ သောင်းစီဖြင့် မြို့နယ် တရားရုံးမှ စီရင်ခဲ့ပါသည်။

“မြန်မာနိုင်ငံမှာ ဘာပဲ လုပ်လုပ် ဥပဒေ လုပ်ထုံးလုပ်နည်းတွေရှိတယ်။ ဒီဥပဒေတွေ ရှိတာ အရမ်းကောင်းပါတယ်။ ဒါပေမယ့် တခြားတစ်ဖက်မှာ ကျွန်မတို့ နိုင်ငံသားတွေ ရရှိသင့်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်တော့ ရရှိသင့်တာပေါ့။ အကန့်အသတ်ရှိတဲ့ အခွင့်အရေးမဟုတ်ဘဲ လွတ်လွတ်လပ်လပ် ဖြစ်သင့်ပါတယ်။” ဟု ငွေဒဏ် ချမှတ်ခံရသော မဆွတ်ဆိုင်းထွယ် ပြောပါသည်။

ဒီဇင်ဘာ ၇ ရက်နေ့တွင် ဆန္ဒပြခေါင်းဆောင်ဖြစ်ကြသော ဦးလွမ်းဇောင်၊ ဦးဇော်ဂျတ် နှင့် ဒေါ်နန်ပူ တို့ ၃ ဦးအား မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၆ လ နှင့် ဒဏ်ငွေ ၅ သိန်း ချမှတ်မှုအပေါ် မကျေနပ်သဖြင့် လူထု ၅၀ ခန့်မှ ခွင့်ပြုချက် မတောင်းဘဲ တရားရုံးရှေ့ ဆန္ဒပြခဲ့ပြီး၊ မနောကွင်းအထိလည်း လမ်းလျှောက်ဆန္ဒပြလာခဲ့သောကြောင့် မြို့နယ် ရဲမှုး မြင့်မိုးမှ ထိုနေ့တွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါသည်။

ထိုကြောင့် ပထမဆုံး ရုံးချိန်းအဖြစ် ဒီဇင်ဘာ ၁၀ ရက်နေ့ စစ်ဆေးခဲ့ပြီး၊ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် တရားလို သက်သေများကို ထပ်မံ စစ်ဆေးခဲ့ပါသည်။

ထို့နောက် ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ငွေဒဏ်ဖြင့် အပြီးသတ် အမိန့်ချမှတ်ခဲ့ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here