8 မေ 2024 /

See today's Peace Related News

မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင်ရှိသော ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့နှင့် မီဇိုရမ်ပြည်နယ်တို့အကြား…

ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဆက်သွယ်ထားသည့် ရိဒ်- ဇိုခေါ်ထာရ် ဂိတ်တံတားအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဧပြီလ ၁၉ ရက်တွင် မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင်ရှိသော ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့နှင့် မီဇိုရမ်ပြည်နယ်တို့အကြား ဆက်သွယ်ထားသည့် ဂိတ်တံတားကို အိန္ဒိယဗဟိုအစိုးရ ညွှန်ကြားမှုနှင့် အာသံလုံခြုံရေးတပ်ဖွဲ့များက ပိတ်ထားလိုက်ပါသည်။ ယင်းသို့ ပိတ်ထားခြင်းကြောင့် ဒေသတွင်းကုန်သွယ်မှုနှင့် ပြည်သူလူထုသွားလာခွင့်များ ရပ်တန့်လျက်ရှိနေပါသည်။ ချင်းပြည်နယ်ရိခေါဒါရ်မြို့ကို ချင်းတော်လှန်ရေးတပ်များမှ နိုဝင်ဘာလကတည်းက တိုက်ခိုက်သိမ်းပိုက်ထားပြီး တော်လှန်ရေးအဖွဲ့များမှ ထိန်းချုပ်ထားသော မြို့တစ်မြို့ဖြစ်ပါသည်။ 1

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းမှ ဒေသခံလူငယ်များဖြင့် ဖွဲ့စည်းထားပြီး သြဇာအရှိဆုံးအရပ်ဘက်အဖွဲ့ဖြစ်သည့် Central Young Lai Association (CYLA ) ကလည်း စက်သုံးဆီနှင့် စားသုံးကုန်ပစ္စည်းများကို မြန်မာနိုင်ငံဘက်သို့ တင်ပို့ ရောင်းချခြင်းမပြုကြရန် သတိပေးချက်တစ်စောင်ကို ဧပြီလ ၁၆ ရက်က ထုတ်ပြန်ခဲ့ပါသည်။ ယင်းသို့ထုတ်ပြန်ရခြင်းမှာ စက်သုံးဆီနှင့် လူသုံးကုန်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်းသို့ ပို့ဆောင်ရောင်းချနေခြင်းကြောင့် ၎င်းတို့ ဒေသတွင်းမှာ ကုန်စည်ပြတ်တောက်မှုဖြစ်ပေါ်နေ သည်ဟု လောင်တလိုင်ခရိုင်မှ လုပ်ငန်းရှင်တစ်ဦးကဆိုထားပါသည်။ 2

မြန်မာစစ်တပ် သို့မဟုတ် စစ်တပ်ကိုဆန့်ကျင်တော်လှန်နေသည့် တော်လှန်ရေးအဖွဲ့များအပါအဝင် မည်သူ့ကိုမဆို ထိုင်းဘက်ခြမ်းတွင် စစ်ရေးလှုပ်ရှားခွင့်ပြုမည်မဟုတ်ဟု ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ Nikorndej Balankura က ဧပြီလ ၂၃ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ ထိုင်းအစိုးရအနေဖြင့် အချုပ်အခြာအာဏာနှင့် ထိုင်းပြည်သူများကို အကာအကွယ်ပေးရန်၊ ထိုင်းနယ်မြေပေါ်တွင် မြန်မာအစိုးရအား ဆန့်ကျင်သည့် လှုပ်ရှားမှုများခွင့်မပြုရန်နှင့် မည်သည့်ဘက်ကိုမျှ ခွဲခြားဆက်ဆံမှုမရှိဘဲ လူ့အခွင့်အရေးစံနှုန်းစံထားများနှင့်အညီ ဆက်ဆံရန် ဘန်ကောက်မြို့တွင်ပြုလုပ်သည့် မြန်မာ့အရေး ဖြေရှင်းရန်ဖွဲ့ထားသော ထိုင်းအစိုးရကော်မတီ၏ ပထမဆုံးအကြိမ် အစည်းအဝေးတွင် သဘောတူခဲ့ကြပါသည်။ 3

ထိုင်း – မြန်မာနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်အကြား နှစ်နိုင်ငံချစ်ကြည်ရေးတံတား အမှတ် ၁ တွင် ယာယီနယ်စပ်ဖြတ်လက်မှတ်ဖြင့် ဝင်ရောက်မည့် မြန်မာနိုင်ငံသား ၇၅ ဦးအား ထိုင်းအာဏာပိုင်များက အဝင်မခံဘဲ ပြန်လွှတ်လိုက်ပါသည်။ 4

ဧပြီလ ၂၃ ရက်တွင် အမေရိကန်အစိုးရက ထုတ်ပြန်သည့် ၂၀၂၃ ခုနှစ် လူ့အခွင့်အရေး အစီရင်ခံစာတွင် စစ်ကောင်စီတပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေသည် ပိုမိုဆိုးလာနေကြောင်း ဖော်ပြထားပါသည်။ လူ့အခွင့်အရေးချိုးဖောက်သည့် ဖြစ်ရပ်များကို အာဏာသိမ်းစစ်ကောင်စီမှ အများဆုံး ကျူးလွန်နေသည့်အပြင် တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အချို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ရှိနေကြောင်း ထုတ်ပြန်ချက်တွင်ထောက်ပြထားပါသည်။ 5

1 ရိခေါဒါရ်မြို့ နယ်စပ်ဂိတ်တံတားကို အိန္ဒိယဘက်က ပိတ်ထားသဖြင့် ကုန်သွယ်မှု ရပ်တန့်
2 စက်သုံးဆီနှင့်ကုန်စည်များ မြန်မာဘက်သို့ ကုန်သွယ်ခြင်းမပြုရန် အိန္ဒိယ၊လောင်တလိုင်ခရိုင်မှ ဩဇာရှိအရပ်ဘက်အဖွဲ့ သတိပေး
3 ထိုင်းမြေပေါ်မှာ စစ်ရေးလှုပ်ရှားခွင့်မပြုဘူးလို့ပြော
4 ယာယီနယ်စပ်ဖြတ်လက်မှတ်ဖြင့် ဝင်လာသော မြန်မာ ၇၅ ဦးကို ထိုင်းကအဝင်မခံဘဲ ပြန်လွှတ်
5 မြန်မာ့လူ့အခွင့်အရေးအခြေအနေ ပိုဆိုးလာနေကြောင်း အမေရိကန်ပြော

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA