ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့

0
1720

 

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၅ ဖေဖော်ဝါရီ ၁၉၆၁

ရုံးချုပ် – လိုင်ဇာ၊ ကချင်ပြည်နယ်

လှုပ်ရှားရာ နယ်မြေ – ကချင်ပြည်နယ်တစ်ဝန်းလုံးနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများ

အင်အား – ၁၂,၀ဝ၀ အထက် (တပ်မဟာ ၈ ခု)

ဥက္ကဋ္ဌ – ဗိုလ်ချုပ်ကြီးအင်ဘန်လ

ဒု-ဥက္ကဋ္ဌ – ဗိုလ်ချုပ်ကြီး ဂွန်ထန်ဂမ်ရှောင်

အထွေထွေအတွင်းရေးမှူး– ကွမ်ထပ်ထိန်နန်

၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရယူခဲ့သည့် KIO/KIA သည် ဦးသိန်းစိန်အစိုးရလက်ထက်၊ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှ စတင်ကာ ယနေ့အချိန်အထိ တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အားလုံးပါဝင်ရေးမူကို ကိုင်ဆွဲထားပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရေးအတွက် ဦးသိန်းစိန်အစိုးရ၏ ကမ်းလှမ်းချက်ကို KIO က ငြင်းပယ်ခဲ့ပါသည်။

၂၀၁၇ ခုနှစ် ဇွန် ၂၀ ရက်မှ ၂၃ ရက် အထိ ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ညီလာခံဆုံးဖြတ်ချက်ဖြင့် UNFC မှ နှုတ်ထွက်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဧပြီလ ၁၉ ရက်၊ UWSA ဦးဆောင်သည့် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့ဖြင့် စုစည်းထားသော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) တွင် ပါဝင်လျက် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများကို ကြိုးပမ်းလျက်ရှိပါသည်။ ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ ရက်၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် KIO ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် (၄) ဖွဲ့မှကိုယ်စားလှယ်များနှင့် အမျိုးသားပြည်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ ကိုယ်စားလှယ်များ တွေ့ဆုံပြီး တိုက်ပွဲများအမြန်ဆုံး ရပ်တန့်ရေးနှင့် နှစ်ဖက်အပစ်ရပ်စဲရေး သဘောတူညီမှုရရှိရေးအတွက် ဆွေးနွေးခဲ့ကြသည်။ Bilateral Ceasefire Agreement လက်မှတ်ရေးထိုးပြီးမှသာ NCA အတွက် ဆက်လက်ဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့သည်။

စစ်အာဏာသိမ်းကာလအတွင်း ဓမ္မဘက်မှ ရပ်တည်ကြရန် KIO ဥက္ကဌ အင်ဘန်လက တိုက်တွန်းခဲ့သလို KIO အနေဖြင့်လည်း ဓမ္မဘက်မှ ရပ်တည်ကြောင်း ပြောဆိုခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်၊ အာဏာသိမ်းစစ်ခေါင်း ဆောင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုနှင့် ၂၀၂၂ ခုနှစ်မေလ ၂ရက်၊ တွေ့ဆုံဆွေးနွေးရန် စစ်အုပ်စု၏ အကြောင်းကြားစာတို့နှင့်ပတ်သက်ပြီး “ပါဝင်သင့်သူများအားလုံး ပါဝင်နိုင်ပြီး နိုင်ငံ၏အရေးအရာများကို တန်းတူ ဆွေးနွေးနိုင်မည့် အချိန် အခါ၊အခင်းအကျင်းရောက်ရှိမှသာ ပါဝင်ဆွေးနွေးမည်” ဟုအကြောင်းပြန်ကာ ငြင်းပယ်ခဲ့ပါသည်။ 1

နွေဦးတော်လှန်ရေးအတွင်း ဖြစ်တည်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ငွေတိုက်စာချုပ် ရောင်းချမှုတွင်လည်း KIO ၏ ငွေကြေးစီးဆင်းမှုစနစ်ကို အသုံးပြုကာ ပူးပေါင်းဆောင်ရွက်များ ရှိနေပါသည်။ ထို့ပြင် ပညာရေး ကဏ္ဍတွင်လည်း NUG နှင့် ပူးပေါင်းကာ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University (KSCU) ကို ဖွင့်လှစ်ထားပါသည်။2 KIO/KIA အနေဖြင့် CRPH ၊ NUG တို့နှင့် နားလည်မှု အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေသကဲ့သို့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် စစ်ရေးကဏ္ဍ တွင်လည်း C3C အစုအဖွဲ့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကချင်လွတ်မြောက်ရေး
ကောင်စီ (KIC) ဒုဥက္ကဋ္ဌ (၁) ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်က ဆိုပါသည်။ 3
၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်၊ ည ၈ နာရီခွဲအချိန်၊ အနန့်ပါဒေသတွင် အရပ်သား
ပြည်သူများနှင့်အတူ ပူးပေါင်းကျင်းပနေသည့် (၆၂) နှစ်မြောက် KIO နှစ်ပတ်လည်နေ့တွင် စစ်ကောင်စီတပ်က စစ်လေယာဉ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူများနှင့် KIO အမှုထမ်းအများအပြား သေဆုံးခဲ့ရသည်။ အဆိုပါဝမ်းနည်းဖွယ်ဖြစ်ရပ်အတွက် အာဏာသိမ်း စစ်ကောင်စီအား ခုခံတော်လှန်ရေးကို အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း KIO ဗဟို ကော်မတီက ထုတ်ပြန်ခဲ့ပါသည်။ 4
၂၀၂၃ ခုနှစ် သြဂုတ်လ ၁၀ ရက်တွင် ကျရောက်သည့် ၄၈ နှစ်မြောက် ကချင်အာဇာနည်
နေ့တွင်တော့ လက်ရှိနွေဦးတော်လှန်ရေးသည် အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူလူထု အကြား ဖြစ်ပွားနေသည့် တော်လှန်ရေးဖြစ်ပြီး KIO/KIA အမှုထမ်းများအနေဖြင့် ပြည်သူလူထု ဘက်တွင် ပြတ်ပြတ်သားသား ရပ်တည်ပါဝင်နေကြောင်းနှင့် အခြားသော ERO အဖွဲ့အစည်း တချို့၊ လူပုဂ္ဂိုလ်တချို့အနေဖြင့်လည်း ကိုယ်ကျိုးအတွက် ကြည့်ကာ စစ်ကောင်စီအား နလန်ထူထွက်ပေါက်ရစေမည့် လှုပ်ရှားမှုများကို သတိထားကြရန် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းထားပါသည်။ 5

1 ထုတ်ပြန်ကြေညာချက် (၂/၂၀၂၂)
2 ကေအိုင်အို နှင့် NUG တို့ ပူးပေါင်းဖွင့်ထားသည့် ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ပထမဆုံးဘွဲ့ နှင်းသဘင်ကျင်းပ
3 စစ်ကောင်စီတပ်ဖွဲ့တွေ ရေရှည်ရပ်တည်ဖို့ ခက်ခဲလာနေကြောင်း ဒု-ဗိုလ်ချုပ်ကြီးဂွမ်မော် ပြောကြား
4 ထုတ်ပြန်ကြေညာချက် (၃/၂၀၂၂)
5 ပြည်သူမျှော်လင့်နေသည့်ပန်းတိုင် ရောက်တော့မည်ဟု ကေအိုင်အိုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လပြော

စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုပေါင်း ၂၀၁၉ တွင် ၁၃ ခု၊ ၂၀၂၀ တွင် ၇ ခု၊ ၂၀၂၁ တွင် ၁၃၈ ခု၊ ၂၀၂၂ တွင် ၉၀ ခု၊ ၂၀၂၃ (မတ်လအထိ) တွင် ၃၈ ခုအဖြစ် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များအတွင်း တိုက်ပွဲဖြစ်ပွားမှုများတွင် KIO အနေဖြင့် ဒေသခံ PDF များနှင့်ပူးပေါင်းကာ စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သည်ကို အများဆုံး တွေ့ရှိရသည်။
ERO နှင့် တိုက်ပွဲဖြစ်ပွားမှု ရှမ်းနီတပ် (SNA) နှင့် ၂၀၂၂ ခုနှစ်တွင် တိုက်ပွဲ (၁) ခု ဖြစ်ပွားခဲ့သည်။

 

အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
ငြိမ်းချမ်းရေး၊ စေ့စပ်ဆွေးနွေးခြင်းများနှင့် အစည်းအဝေးများ
– ယခင် အပစ်အခတ်ရပ်စဲရေး-ဖေဖော်ဝါရီ ၂၄၊ ၁၉၉၄
– ပြည်ထောင်စုအဆင့် နှစ်ဘက်သဘောတူညီချက် (ပဋိပက္ခလျော့ချရေးအတွက်) -အောက်တိုဘာ ၁၀၊ ၂၀၁၃
– ပဋိပက္ခဖြေရှင်းရေး အဖွဲ့ (CRT) ကို ၂၀၁၃ ခုနှစ်သဘောတူညီချက်ရရှိပြီးနောက် ဖွဲ့စည်းခဲ့သည်။

တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှုပေါင်း
၂၀၁၉ – ၁၃၊
၂၀၂၀ – ၇၊
၂၀၂၁ – ၁၃၈၊
၂၀၂၂ (မတ်) – ၁၇။

ပဋိပက္ခဖြေရှင်းရေး အဖွဲ့၏အဖွဲ့ဝင်များ
အစိုးရကိုယ်စားလှယ်အဖွဲ့မှ အဖွဲ့ဝင် (၅) ဦး
၁။ ဗိုလ်မှူးချုပ် အဇောထောင် (ခေါင်းဆောင်)
၂။ ဒုဗိုလ်မှူးကြီး နောလီ
၃။ ဦးဒဲခ
၄။ ဦးလာရစ်
၅။ မင်ဇာဒဲလီယန်

ဆက်ဆံရေးရုံး – နည်းပညာအကြံပေးရုံး
မြစ်ကြီးနား

မဟာမိတ်များ
၂၀ဝ၉ မှ ၂၀၁၅ – ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့၊ အကြီတန်းကိုယ်စားလှယ်အဖွဲ့၊ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့

၂၀ဝ၇ မှ လက်ရှိ – ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့-ဗမာပြည်

ဆက်သွယ်ရန်
ဝက်ဆိုဒ်: http://kachinnet.net
အီးမေးလ်: [email protected]

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၁ – ၂၀၂၂

LEAVE A REPLY

Please enter your comment!
Please enter your name here