ချင်းအမျိုးသားတပ်ဦး

0
2729

ချင်းအမျိုးသားတပ်ဦး – CNF

chin national flag 1024 x 768


စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၂၀ မတ် ၁၉၈၈

ရုံးချုပ် – ချင်းပြည်နယ် ထန်တလန် (ဗစ်တိုးရီးယားစခန်း)

လှုပ်ရှားရာနယ်မြေ – ချင်းပြည်နယ် ထန်တလန်၊ ဟားခါး၊ တီးတိန်၊ မတူပီ၊ ပလက်ဝ မြို့နယ်များ

အင်အား – ၁,၅၀ဝ အထက် (အရံတပ်ဖွဲ့ဝင် ၁၀,၀၀၀ အထက်)

ဥက္ကဋ္ဌ – ပူးဇင်ကျုံး (Pu Zing Cung)

အထွေထွေအတွင်းရေးမှူး – ဆလိုင်း တလာဟဲ (Salai Thla Hei)

၂၀၂၀ပြည့်နှစ်တွင် ကျင်းပသော ချင်းအမျိုးသားတပ်ဦး (CNF) ၏ သတ္တမအကြိမ် ညီလာခံက ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။ အဆိုပါညီလာခံမှတဆင့် ကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည်ရရှိရေး၊ နိုင်ငံရေးတန်းတူမှုရှိသော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးနှင့် ဒီမိုကရေစနစ် တည်ဆောက်ရေးဆိုသည့် နိုင်ငံရေးရည်မှန်းချက် (၃) ချက်ကို ချမှတ်ခဲ့ပါသည်။

စစ်အာဏာသိမ်းကာလအတွင်း CNF အနေဖြင့် ချင်းပြည်သူလူထုနှင့်အတူ ရပ်တည်ကာ နွေဦးတော်လှန်ရေးတွင် ပါဝင်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်များအား ခုခံတော်လှန်စစ် ဆင်နွှဲလျက်ရှိပါသည်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင်လည်း CNF ၏ ဒု-ဥက္ကဌတစ်ဦးဖြစ်သူ ဒေါက်တာလျန်မှုန်းဆာခေါင်းက ဖက်ဒရယ်ရေးရာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ NUCC ၏ အစုအဖွဲ့ဝင်ဖြစ်သော ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တွင် CNF ၏ လက်ထောက်အထွေထွေအတွင်းရေးမှူး (၂) ဖြစ်သူ ဆလိုင်းထက်နီက အထွေထွေအတွင်းရေးမှူး တာဝန်ယူထားသည်။

နွေဦးတော်လှန်ရေးကာလအတွင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ၁၈ ဖွဲ့ဖြင့် စုဖွဲ့ထားသော Chinland Joint Defense Committee (CJDC) တွင် CNF ၏ အထွေထွေအတွင်းရေးမှူး ဆလိုင်းတလာဟဲကိုယ်တိုင် ဥက္ကဌအဖြစ် တာဝန်ယူကာ စစ်ကောင်စီတပ်များအား ခုခံတော်လှန်စစ် ဆင်နွှဲရာတွင် ပူးပေါင်းလှုပ်ရှားလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်သည် ချင်းအမျိုးသားတရပ်လုံးအတွက် ချင်းပြည်ထောင် တည်ဆောက်ရေးအတွက် အဓိကကျသည့်နှစ် “Chin Nation – Building နှစ်” ဆောင်ပုဒ်ဖြင့် ချင်းအမျိုးသားတော်လှန်ရေးကို ဆက်လက်တိုက်ပွဲဝင်ကြရန် CJDC ဥက္ကဌ တာဝန်ယူထားသည် ဆလိုင်းတလာဟဲက တိုက်တွန်းထားသည်။

ချင်းအမျိုးသားတပ်ဦးနှင့် တပ်မတော်အနေဖြင့် ပြည်သူ့တော်လှန်ရေးလမ်းစဉ်ကို အခိုင်အမာကိုင်စွဲပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်ရာတွင် နိုင်ငံရပ်တည်ချက်တူညီသော မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်နှင့်မဆို လက်တွဲကာ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၃၅ နှစ်မြောက် ချင်းတော်လှန်ရေးနေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုပေါင်း ၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲတစ်ခု၊ ၂၀၂၃ ခုနှစ် (ဇူလိုင်လအထိ) အတွင်း တိုက်ပွဲ ၁၅ ခု ဖြစ်ပွားခဲ့ပါသည်။ CNF/ CNA အနေဖြင့် CJDC စုဖွဲ့မှုတွင် ဦးဆောင်ပါဝင်နေသကဲ့သို့ CJDC အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်များအား ခုခံတော်လှန်စစ် ဆင်နွှဲလျက်ရှိပါသည်။
ERO နှင့် တိုက်ပွဲဖြစ်ပွားမှု ဇိုမီးတော်လှန်ရေးအဖွဲ့ (ZRO/ZRA) နှင့် ၂၀၂၁ ခုနှစ်တွင် တိုက်ပွဲ (၁) ခု ဖြစ်ပွားခဲ့ပါသည်။

 

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
– အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးသည့် (၁၁) ဖွဲ့မြောက် တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့။
– အဆင့် ၁ – ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (ဇန်နဝါရီ ၆ ၊ ၂၀၁၂)
– အဆင့် ၂- ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (မေ ၇၊ ၂၀၁၂)
– အဆင့် ၃- တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (အောက်တိုဘာ ၁၅, ၂၀၁၅)

အပစ်အခတ်ရပ်စဲရေးပြုလုပ်ပြီးနောက် တိုက်ပွဲဖြစ်ပွားမှုများ။
၂၀၂၁ – ၁

တရားဝင်အပစ်အခတ်ရပ်စဲရေးအဖွဲ့
အဖွဲ့ဝင် (၂၀) ဦးပါဝင်သည့် ကော်မတီအတွက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဗဟိုကော်မတီနှင့် အမြင့်ဆုံး ကောင်စီအဖွဲ့ဝင်များမှ ရွေးထုတ်ထားပါသည်။
ပြည်ထောင်စုအဆင့် နှစ်ဘက်သဘောတူညီချက်ကို ၂၀၁၂ ခုနှစ် မေလတွင် ရရှိပြီးနောက် ချင်းပြည်နယ် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင်
၂၄ – ၃၁ ဩဂုတ်, ၂၀၁၂။

ဆက်ဆံရေးရုံးများ
၁။ တီးတိန် (၂၅/ဝ၉/၂၀၁၂)
၂။ ထန်တလန် (၂၉/ဝ၆/၂၀၁၂)
၃။ မတူပီ (၂၃/ဝ၆/၂၀၁၂)

စီးပွားဆက်ဆံရေးရုံးများ
၁။ ပလက်ဝ (၁၉/၁၀/၂၀၁၃)
၂။ ရန်ကုန်
၃။ အိန္ဒိယမြန်မာနယ်စပ်
၄။ ဖလမ်း (ဇွန် ၉ ရက်၊ ၂၀၁၄ နေ့တွင် ခွင့်ပြုချက်ရရှိခဲ့သည်)
၅။ မင်းတပ် (ဇွန် ၉ ရက်၊ ၂၀၁၄ နေ့တွင် ခွင့်ပြုချက်ရရှိခဲ့သည်)

ဆက်သွယ်ရန် –
ဝက်ဆိုဒ်: www.chinland.org
အီးမေးလ်: [email protected]
ဖုန်း: +9189741215887 (အမြင့်ဆုံးကောင်စီ)

၁။ ပူးထန်းရန်
၂။ ဆလိုင်းကစ်ပ်ခိုလျန်
၃။ ဒေါက်တာဇာလှေထန်း
၄။ ပူးလျန်အုပ်
၅။ ဘွေလျန်မန်း
၆။ ပူးဟာအိုကန်
ရ။ ပူးလာလ်ရမ်လောမာ
၈။ ပူးနိုင်ထောင်
၉။ ပူးမာန်လိန်
၁၀။ ပူးဗုန်းဇာခိုင်
၁၁။ ပူးအောင်လိန်ထန်း

ဒေသဆိုင်ရာ ကော်မတီ
၁။ ပူးဘွေကျုံး
၂။ ပူးထလာပဲန်
၃။ ပူးငွန်ကျုံးလျန်
၄။ ဆလိုင်း ပါမွှန်း
၅။ ပူးသော့ကျဲအို

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၂ – ၂၀၂၃

LEAVE A REPLY

Please enter your comment!
Please enter your name here