ရခိုင်ပြည်အမျိုးသားကောင်စီ

0
1600

ရခိုင်ပြည်အမျိုးသားကောင်စီ – ANC/AA

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၂၀ဝ၄ ၊ ၂၀၁၀

ရုံးချုပ် – DKBA တပ်မဟာ (၅) နယ်မြေ၊ ကရင်ပြည်နယ်

လှုပ်ရှားရာ နယ်မြေ – ကရင်ပြည်နယ်အတွင်း

အင်အား – ၃၅၀ အထက်

ဥက္ကဋ္ဌ၊ စစ်ဦးစီးချုပ် – ဗိုလ်မှူးကြီးမင်းထွန်း (ခ) မင်းဇံဝေ

လူမျိုးစုံရခိုင်ပြည်သူလူထုတစ်ရပ်လုံး ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး၊ အမျိုးသားရေးလက္ခဏာနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရေး၊ မြန်မာပြည်ရှိ လူမျိုးစုတိုင်း၊ နိုင်ငံသူ/ နိုင်ငံသားတိုင်း အာဏာရှင်စနစ်လက်အောက်မှ လွတ်မြောက်ရေး စသည်တို့သည် ANC/AA ၏ ရည်မှန်းချက်များ ဖြစ်ပါသည်။

စစ်အာဏာသိမ်းကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်များအား ခုခံတိုက်ခိုက်လျက်ရှိပါသည်။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းခြင်းအပေါ် ထောက်ခံကြိုဆိုပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် ဖက်ဒရယ်တပ်မတော်ဖွဲ့စည်း ထူထောင်ရေးအတွက် မည်သည်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း ANC/AA စစ်ဦးစီးချုပ်က ပြောဆိုထားပါသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် စတင်ကျင်းပခဲ့သည့် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၏ ပထမအကြိမ် ပြည်သူ့ညီလာခံကို ANC/AA ခေါင်းဆောင် ဗိုလ်မှူးကြီးမင်းထွန်း တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC) (၂) နှစ်ပြည့် အခမ်းအနားသို့ ANC/AA မှ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး NUCC အဖွဲ့ဝင် အဖွဲ့အစည်းများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ရေးဆွဲအတည်ပြုရာတွင် မပါဝင်သေးသည့် ဒီမိုကရေစီ အင်အားစုနှင့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအားလုံး ပါဝင်နိုင်မည့် အခင်းအကျင်းသစ်များကို ထပ်မံဖော်ဆောင်ရန် တိုက်တွန်းထားပါသည်။ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုပေါင်း ANC/AA အနေဖြင့် KNU/ KNLA နှင့် မဟာမိတ်ဖွဲ့ပူးပေါင်းကာ စစ်ကောင်စီတပ်များအား ခုခံတိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲဖြစ်ပွားမှုကို အချက်အလက်ဖြင့် ဖော်ပြနိုင်ခြင်း မရှိသေးပါ။

အပစ်အခတ်ရပ်စဲမှု
မရှိ

မဟာမိတ်အဖွဲ့များ
– KNU/KNLA
– DKBA
– UNFC အဖွဲ့ဝင်

ဆက်သွယ်ရန်
[email protected]
FB lanc.arakannationalcouncil

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၂ – ၂၀၂၃

LEAVE A REPLY

Please enter your comment!
Please enter your name here