အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေးအဖွဲ့

0
1508

အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေးအဖွဲ့ – NDAA/ESS

nda

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၉၈၉

ရုံးချုပ် – မိုင်းလား ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း

လှုပ်ရှားရာ နယ်မြေ – မိုင်းလား ၊ ရှမ်းပြည်နယ် (အထူးဒေသ ၄)

အင်အား – ၃၀ဝ၀ အထက်

ဥက္ကဋ္ဌ – စိုင်းလင်း

ဒုဥက္ကဋ္ဌ – စံဖဲ

အထွေထွေအတွင်းရေးမှူး – စဝ်ဆဲန်လ

ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) မှ ခွဲထွက်ကာ ၁၉၈၉ ခုနှစ်တွင် တည်ထောင်ခဲ့သည့် NDAA-ESS သည် ထိုနှစ် ဇွန် ၃၀ ရက်တွင်ပင် တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီမှုရယူကာ မိုင်းလားမြို့တွင် အခြေစိုက်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာနှင့် ဒီဇင်ဘာလများအတွင်း ဦးသိန်းစိန်အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့သော်လည်း NCA ကိုမူ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိသည်ကို တွေ့ရပါသည်။

တပ်မတော်နှင့် NDAA-ESS အကြား တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် အလွတ်သဘော ဆွေးနွေးမှုများရှိခဲ့သော်လည်း ၎င်းပါဝင်သည့် FPNCC နှင့်အတူ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံအတွက် လေ့လာသူအနေဖြင့်သာ တက်ရောက်နိုင်ခဲ့ပါသည်။

သို့သော် NDAA-ESS အနေဖြင့် ၎င်းတို့၏ ပစ်ခတ်မှုရပ်စဲခြင်း နှစ် ၃၀ အတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုသည် အောင်မြင်သည်ဟု ယုံကြည်နေပြီး ငြိမ်းချမ်းဖွံ့ဖြိုးရေးလမ်းစဉ်အတိုင်း လျှောက်လှမ်းမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ပြည်သူလူထု၏ နေထိုင်မှုဘဝ သာယာဝပြောနိုင်မည်ကို သက်သေပြခဲ့ပြီဟု ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

စစ်အာဏာသိမ်းကာလအတွင်း NDAA-ESS ၏ လှုပ်ရှားဆောင် ရွက်မှုအနေဖြင့်မူ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်က ၎င်းတို့အုပ်ချုပ် သောမိုင်းလားမြို့တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ နှင့် စစ်ကောင်စီ၏ ကိုယ်စားလှယ်များကြား ပြုလုပ်သည့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွင် ပြုလုပ်ခွင့်ပြုခဲ့ပြီး NDAA-ESS လည်း တက်ရောက်ခဲ့သည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်
ဒုတိယမြောက် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးသည့် EAO
အဆင့် (၁) နိုင်ငံတော်အဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (စက်တင်ဘာလ ၇ ရက်၊ ၂၀၁၁)
အဆင့် (၂) ပြည်ထောင်စုအင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (ဒီဇင်ဘာလ ၂၇ ရက်၊ ၂၀၁၁)
ယခင်အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (ဇွန်လ ၃၀ ရက်၊ ၁၉၈၉)

တရားဝင်ကိုယ်စားလှယ်အဖွဲ့
အလှည့်ကျ

ဆက်ဆံရေးရုံးများ
ရန်ကုန်၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မန္တလေး (ပြန်လည်ဖွင့်လှစ်)

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၁ – ၂၀၂၂

LEAVE A REPLY

Please enter your comment!
Please enter your name here