8 မေ 2024 /

See today's Peace Related News

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်လာကြမည့် စစ်ဘေးဒုက္ခသည် ၁ သိန်းခန့်ကို ယာယီလက်ခံရန် ပြင်ဆင်ထား

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် သြစတြေးလျနိုင်ငံခြား‌ရေးဝန်ကြီး‌ဟောင်း မစ္စဂျူလီဘိရှော့ပ် (Ms. Julie Bishop) ကို ခန့်အပ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူးတားရက်စ်က ဧပြီ ၅ ရက်နေ့တွင် ကြေညာခဲ့ပါသည်။ ဂျူလီဘိရှော့ပ်သည် ဩစတြေးလျ လွှတ်တော်တွင် နှစ်ပေါင်း ၂၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိတွင် ဩစတြေးလျအမျိုးသားတက္ကသိုလ်၌ အဓိပတိအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါသည်။ ၎င်းသည် ဒေသတွင်းနိုင်ငံများနှင့် အခိုင်အမာ လက်တွဲဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပြီး ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂညှိနှိုင်းရေး သဘောတူစာချုပ်အပါအဝင် နိုင်ငံတကာပြဿနာများကို ညှိနှိုင်းဖြေရှင်းရာတွင် ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါသည်။ 1

မစ္စဂျူလီဘိရှော့ပ်အား မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်သည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ကြိုဆိုကြောင်းတွေ့ရှိရပြီး၊ သံတမန်ရေးရာအတွေ့အကြုံနှင့် ကျွမ်းကျင်မှုများအရ ၎င်းရာထူးနေရာအတွက် အသင့်လျော်ဆုံးဖြစ်ပြီး၊ မြန်မာလူထုနှင့်အကျိုးစီးပွားအတွက် ၎င်း၏ဆန္ဒနှင့်အညီ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်မည်ဟု NUGက မျှော်လင့်ထားပါသည်။ 2

မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့ခြင်း သို့မဟုတ် ရောင်းချခြင်းကို ရှောင်ရှားကြရန် တောင်းဆိုသည့် အစီအမံတရပ်အား ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ သဘောတူလိုက်ပါသည်။ ထို့ပြင် အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် မြန်မာနိုင်ငံသို့ လက်နက်ခဲယမ်းနှင့် စစ်လက်နက်ပစ္စည်းများ တရားမဝင်ရောင်းချခြင်းကို ရပ်ဆိုင်းရန်လည်း တိုက်တွန်းထားကြပါသည်။ 3

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး‌ တံခါးဖွင့်ဆွေးနွေးမှုကို ဧပြီလ ၄ ရက်နေ့က အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီသို့ လေယာဉ်ဆီတင်သွင်းနေခြင်းကို ကန့်ကွက်ခဲ့ကြခြင်းဖြစ်ပါသည်။ အဆိုပါ မြန်မာ့အရေးတံခါးဖွင့်ဆွေးနွေးမှုသည် စစ်ကောင်စီတပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး မြန်မာပြည်သူများအပေါ် ပစ်မှတ်ထားနေသော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်နိုင်ရေး လေယာဉ်ဆီတင်သွင်းခြင်းကို ပိတ်ပင်တားမြစ်ရန် လုံခြုံရေးကောင်စီ၏ အဖွဲ့ဝင် (၄၇) နိုင်ငံက တညီတညွှတ်တည်း သဘောတူခဲ့ခြင်းဖြစ်ပါသည်။ 4

ရခိုင်ပြည် အမြန်ဆုံးတည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံက ဝင်ရောက်စေ့စပ်ညှိနှိုင်းပေးမည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ် ဒုတိယအမြဲတမ်းကိုယ်စားလှယ် Geng Shuang က ဧပြီလ ၄ ရက်နေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေသည့် ပဋိပက္ခသည် မြန်မာ့ပြည်တွင်းရေးကိစ္စအဖြစ် အလေးပေးပြောကြားခဲ့ပြီး ကမ္ဘာ့အသိုက်အဝန်းအနေဖြင့် မြန်မာ့အချုပ်အခြာအာဏာကို လေးစားရန်နှင့် ပါဝင်ပတ်သက်သူများအကြား ဆွေးနွေးညှိနှိုင်းမှု အဆင်ပြေစေရန်လည်း Geng Shuang က ကမ္ဘာ့အသိုင်းအဝိုင်းအား တိုက်တွန်းခဲ့သည်ကို တွေ့ရှိရပါသည်။ လက်ရှိတွင်လည်း စေ့စပ်ညှိနှိုင်းရေးအတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ပဋိပက္ခကိုဖြေရှင်းရန် တရုတ်နိုင်ငံ၏ တက်ကြွစွာပါဝင်မှုအား ပြသနေသည်ဟု ၎င်းကပြောထားပါသည်။ 5

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်လာကြမည့် စစ်ဘေးဒုက္ခသည် ၁ သိန်းခန့်ကို ယာယီလက်ခံရန် ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပမ်ပရီ ဖဟိဒါနုကွန်းက ဧပြီ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါသည်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့အကြား ပြင်းထန်သည့် တိုက်ပွဲဖြစ်နေချိန်တွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပါသည်။ 6

……………………………………………………………………………………………………………..

1 မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ် ကုလအတွင်းရေးမှူးချုပ် ခန့်အပ်
2 ကုလအထူးကိုယ်စားလှယ်သစ်ကို NUG ကြိုဆို၊ မြန်မာ့အရေးဖြေရှင်းနိုင်မလား စောင့်ကြည့်ရမည်ဟု အကဲခတ်များပြော
3 မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့မှု ပိတ်ပင်ရန် ကုလလူ့အခွင့်အရေးကောင်စီ တောင်းဆို
4 စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းခြင်း ကုလကန့်ကွက်မှုအပေါ် KNU နှင့် NUCC ကြိုဆို
5 ရခိုင်ပြည် တည်ငြိမ်ရေး ဝင်ရောက်စေ့စပ်ညှိနှိုင်းမည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တရုတ်ပြောဆို
6 မြန်မာစစ်ဘေးရှောင် ၁ သိန်းထိ ယာယီလက်ခံမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA