9 မေ 2024 /

See today's Peace Related News

“ မြန်မာစစ်အာဏာရှင်မှ နိုင်ငံသားများအပေါ် အင်တာနက်ဖြတ်တောက်ထားသည့်အတွက် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည်များကို ကမ္ဘာကသိရှိရန် အလွန်ခက်ခဲနေကြောင်း…”

လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေသည့် မြန်မာစစ်ဘေးရှောင်အရေအတွက် နှစ်သောင်းအတွက် အခြေခံစားနပ်ရိက္ခာအကူအညီများကို မတ်လ ၂၅ ရက်က ထိုင်းနိုင်ငံတာခ့်ခရိုင် မဲဆောက်မြို့ရှိ ထိုင်း-မြန်မာအမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် မြဝတီမြို့ဘက်သို့ ထိုင်းနိုင်ငံအစိုးရမှ စတင်ပေးပို့ခဲ့ပါသည်။ အဆိုပါ ရိက္ခာများကို ကရင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်နေရသော နေရာ ၃ ခုသို့ ဖြန့်ဝေကူညီပေးသွားမည်ဖြစ်ပါသည်။ 1

မတ်လ ၂၂ ရက်တွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အာလွန်ကဲအိုကစ်တီကွန်တို့သည် နယူးဒေလီမြို့တွင် တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ အကျိုးရှိမည့် အရေးများကို ပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ သို့သော် အဆိုပါဆွေးနွေးမှုနှင့်ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်ထားခြင်းမရှိဘဲ၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် ပိုမိုဆိုးရွားနေသည့် လုံခြုံရေးအခြေအနေများကြောင့် အိန္ဒိယနိုင်ငံသားများအားလုံးကို ရခိုင်ပြည်နယ်မှ ထွက်ခွာကြရန်နှင့် ရခိုင်ပြည်နယ်ထဲကို မလာကြရန် အကြံပြု တိုက်တွန်းထားသည်ကို တွေ့ရှိရပါသည်။ 2

အိန္ဒိယဗဟိုအစိုးရအနေဖြင့် အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်ရန် စီစဉ်နေလျှက်ရှိရာ၊ ၎င်းအစီအစဉ်ကို ပြန်သုံးသပ်ရန်နှင့် စစ်ရှောင်မြန်မာပြည်သူများကို အကာအကွယ်ပေးရန် အမေရိကန်ရောက်မြန်မာများမှ အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီ အိန္ဒိယနိုင်ငံသံရုံးရှေ့တွင် မတ်လ ၂၁ ရက်က သွားရောက်တောင်းဆိုခဲ့ကြပါသည်။ နယ်စပ်ခြံစည်းရိုးခတ်သည့်အစီအစဉ်သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စစ်မှုထမ်းအမိန့်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးရန် ကြိုးစားသူများအတွက် ကြီးမားသည့် အတားအဆီးဖြစ်လာနိုင်ခြင်းကြောင့် မေတ္တာရပ်ခံတောင်းဆိုခဲ့ကြခြင်းဖြစ်ပါသည်။ 3

အမေရိကန်အစိုးရသည် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူများအတွက် ယာယီနေထိုင်ခွင့် (TPS: Temporary Protected Status) ကို ယခုနှစ် မေလမှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် အထိ ၁၈ လကြာ သက်တမ်းတိုးမြှင့်ပေးလိုက်ကြောင်း အမေရိကန် ပြည်ထဲရေးဝန်ကြီးဌာန၏ အတွင်းရေးမှူး အလက်ဇန်ဒရို မေယော်ကတ်စ်က မတ် ၂၂ ရက်တွင် ကြေညာခဲ့ပါသည်။ ယာယီ နေထိုင်ခွင့်ဥပဒေသည် သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ စစ်ပွဲများ ကြောင့်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်ရန်မဖြစ်နိုင်သည့် မြန်မာနိုင်ငံသားများကို အမေရိကန်တွင် တရားဝင်နေထိုင်ရန်နှင့် အလုပ်လုပ်ရန် ခွင့်ပြုပေးထားသည့် ဥပဒေဖြစ်ပါသည်။ 4

မြန်မာ့အရေး အထူးအကြံပေးကောင်စီ (SAC-M) ပါမောက္ခ ယန်ဟီးလီမှ SpaceX ကုမ္ပဏီ စီအီးအို ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ကို မြန်မာပြည်သူများနှင့် ဒီမိုကရက်တစ် မြန်မာနိုင်ငံ ဖြစ်လာရန်အတွက် အသက်ပေးပြီး တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေး သမားများအတွက် အင်တာနက်အခမဲ့ရရှိနိုင်ရေး နည်းလမ်းများကို ပံ့ပိုးပေးရန် တောင်းဆိုခဲ့ပါသည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သူ ယန်ဟီးလီသည် မြန်မာစစ်အာဏာရှင်မှ နိုင်ငံသားများအပေါ် အင်တာနက်ဖြတ်တောက်ထားသည့်အတွက် မြန်မာနိုင်ငံတွင်ဖြစ်ပျက်နေသည်များကို ကမ္ဘာကသိရှိရန် အလွန်ခက်ခဲနေကြောင်းလည်း ထောက်ပြခဲ့ပါသည်။ 5

ဂျပန်အစိုးရအနေဖြင့် စစ်အာဏာသိမ်းမှုဒဏ်ခံနေရသည့် မြန်မာနိုင်ငံသားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အမေရိကန်ဒေါ်လာ ၃၇ သန်းခန့်ကို ထပ်မံပေးအပ်မည်ဖြစ်ပါသည်။ ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာပြည်သူများကို တိုက်ရိုက်အကျိုးပြုသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သည့် အရပ်ဘက် အဖွဲ့အစည်းများမှ တဆင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၉ ဒသမ ၅ သန်းကျော် စဉ်ဆက်မပြတ် ပံ့ပိုးပေးခဲ့ပါသည်။ 6

1 စစ်ရှောင် ၂၀,ဝ၀ဝ အတွက် ထိုင်း၏ လူသားချင်းစာနာထောက်ထားမှုအကူအညီ မြန်မာဘက်သို့ စတင်ပေးပို့
2 မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
3 နယ်စပ်ခြံစည်းရိုးခတ်မည့်ကိစ္စပြန်သုံးသပ်ရန် အိန္ဒိယကို အမေရိကန်ရောက်မြန်မာများ တောင်းဆို
4 မြန်မာမှ ရွှေ့ပြောင်းလာသူများအတွက် ယာယီနေထိုင်ခွင့် အမေရိကန်သက်တမ်းတိုးပေး
5 မြန်မာပြည်သူများအတွက် အခမဲ့အင်တာနက်ပံ့ပိုးပေးရန် အီလွန်မတ်စ်ကို ယန်ဟီးလီ တောင်းဆို
6 ဂျပန်အစိုးရက မြန်မာအတွက် လူသားချင်းစာနာမှု အကူအညီ ကန်ဒေါ်လာ ၃၇ သန်းထပ်လှူ

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA