8 မေ 2024 /

See today's Peace Related News

“ မြန်မာစစ်ကောင်စီတပ်အနေဖြင့် ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာ ကျူးလွန်နေခြင်းကို ဟန့်တားနိုင်ရန် လက်နက်၊ လေယာဉ်ဆီနှင့် နိုင်ငံခြားငွေ ရနိုင်သည့်နည်းလမ်းများကို ကန့်သတ်ရန် ပစ်မှတ်ထား အရေးယူရမည်…”

Photo – RFA

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ကျင်းပနေသော အာဆီယံ-ဩစတြေးလျညီလာခံအတွင်း မြန်မာပြည်အခြေအနေနှင့် မြန်မာပြည်ငြိမ်းချမ်းတည်ငြိမ်ရေး ကူညီနိုင်မည့် အာဆီယံ၏ အခန်းကဏ္ဍကို ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါညီလာခံသို့ မြန်မာစစ်ကောင်စီကိုယ်စားလှယ် တက်ခွင့်မရခဲ့ဘဲ၊ အာဆီယံအတွင်းရေးမှူးချုပ် ကောက်ကင်မ်ဟွန်း၊ ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီအဲလ်ဘနိစ်၊ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပင်နီဝမ်းနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်းဖရီး ဘာဟီဒါ နူကရာတို့မှ အသီးသီးတွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြသည်ကို တွေ့ရှိရပါသည်။ 1

အလားတူ ဩစတြေးလျ-အာဆီယံ အထူးထိပ်သီးအစည်းအဝေး တက်ရောက်လာသည့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းသည် သြစတြေးလျဝန်ကြီးချုပ် အန်တိုနီအဲလ်ဘနိစ်နှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် မတရားဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် မြန်မာစစ်အာဏာရှင်ထံ ပူးတွဲတောင်းဆိုခဲ့ကြပါသည်။ 2

မတ်လ ၂ ရက်နှင့် ၃ ရက်က ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သည့် “မြန်မာနဲ့ မြန်မာရဲ့ ထိုင်းနယ်စပ်အပေါ် လုံခြုံရေးအရ သက်ရောက်မှု” ခေါင်းစဉ်နှင့် ဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းစစ်တပ်ကိုယ်စားလှယ်အချို့သည် တက်ရောက်မည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး၊ ဆွေးနွေးပွဲရက်တွင် တက်ရောက်ရန် အစီအစဉ်ပျက်သွားခဲ့သည်ကို တွေ့ရှိရပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ၊ ထိုင်းလွှတ်တော်ခေါင်းဆောင်များ၊ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ကုလအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကုလအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းကိုယ်စားလှယ်များ၊ ပညာရှင်များ၊ မြန်မာ ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ နှစ်ရက်ကြာ ဆွေးနွေးပွဲတွင် မြန်မာ့ဒီမိုကရေစီအရေးနှင့် နယ်စပ်ရေးရာ ပြဿနာများကို ဦးတည်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်ကောင်စီထက်သာလွန်ကာ သံတမန်ရေးရာအရ အသာစီးယူနိုင်သည့် အခြေအနေဖြစ်လာသည်ဟု သုံးသပ်ခဲ့ကြပါသည်။ 3

မတ်လ ၁ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဗောလ်ကာတာ့ခ်က မြန်မာစစ်ကောင်စီတပ်အနေဖြင့် ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာကျူးလွန်နေခြင်းကို ဟန့်တားနိုင်ရန် လက်နက်၊ လေယာဉ်ဆီနှင့် နိုင်ငံခြားငွေရနိုင်သည့်နည်းလမ်းများကို ကန့် သတ်ရန် ပစ်မှတ်ထားအရေးယူရမည်ဟု ပြောကြားလိုက်ပါသည်။ 4

မြန်မာနိုင်ငံတဝန်း လူဦးရေ ၁၈ ဒသမ ၆ သန်းခန့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေပြီး လူပေါင်း ၂ ဒသမ ၇ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က သတင်းထုတ်ပြန်ထားပါသည်။ ၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်နှင့် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ် (HNRP) အရ လူဦးရေ ၅ ဒသမ ၃ သန်းကို ဦးတည်ပြီး လူမှုကယ်ဆယ်ရေးအကူအညီများ ပံ့ပိုးပေးရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ 5

1 အာဆီယံ-ဩစတြေးလျ ညီလာခံမှာ မြန်မာ့အရေးထည့်သွင်းဆွေးနွေး
2 အကြမ်းဖက်မှုရပ်တန့်ပြီး မတရားဖမ်းဆီးထားသူအားလုံးပြန်လွှတ်ရန် ဩစတြေးလျနှင့် စင်ကာပူ ပူးတွဲတောင်းဆို
3 မြန်မာ့အရေးဆွေးနွေးပွဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မတက်ရောက်ဖြစ်
4 စစ်တပ်ကို လက်နက်၊ လေယာဉ်ဆီနှင့် နိုင်ငံခြားငွေရလမ်းများ ဖြတ်တောက်ရမည်ဟု ကုလလူ့အခွင့်အရေး မဟာမင်းကြီး ပြော
5 မြန်မာ့လူဦးရေ ၁၈ ဒသမ ၆ သန်း အကူအညီလိုအပ်၊ ၂ ဒသမ ၇ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA