9 မေ 2024 /

See today's Peace Related News

ရက္ခိုင့်ကွန်ဖက်ဒရေးရှင်း အလွန်ကို မျှော်ကြည့်ခြင်း – အမှတ် ၁၄၀

“သူ့ရဲ့ စစ်မြေပြင်အနေအထားနဲ့ နိုင်ငံရေးအခြေအနေတွေကတော့ မြန်မာပြည်သူတရပ်လုံးအတွက် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့ တိုက်ပွဲဝင်ဖို့ အကောင်းဆုံး အခါအခွင့်လို့ပဲ ကျွန်တော်တို့မြင်ပါတယ်”။

လက်ရှိ အာဏာသိမ်းစစ်အုပ်စုနှင့် နိုင်ငံရေးအခြေအနေအပေါ် ရက္ခိုင့်တပ်တော် (ULA/AA) စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ သဘောထားအမြင်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် ဧပြီ ၁၅ ရက်၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဖွဲ့စည်းစဉ်ကလည်း ULA/AA မပါဝင်လာရခြင်း ကိစ္စအပေါ် “ငါရို့ကို ဂရုတစိုက်နန့်ခေါ်ခဘာရေ ကိုယ့်ရပ်တည်ချက်နန့်ကိုယ် မပါလိုက်စွာရာ။ ယင်းသူရို့ကို အပြစ်ပြောစရာ မလိုအပ်ပါ” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြည်သူလူထုအား ရှင်းလင်းအသိပေးခဲ့ဖူးပါသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း ULA/AA အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့၏ စစ်ရေးအရှိန်အဟုန်သည် အတိုင်းအတာတခုအထိသော နယ်မြေပိုင်စိုးနိုင်မှုများနှင့်အတူ ရပ်တန့်သွားနိုင်မလား၊ ဟိုင်ဂင်သဘော တူညီချက်ကဲ့သို့သော တရုတ်၏ ကြားဝင်စေ့စပ်မှု ကြောင့် တုန့်ဆိုင်းသွားနိုင်မလား၊ ကွန်ဖက်ဒရေးရှင်းလား၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလားဟူသော မေးခွန်းများ၊ သံသယများဖြင့် စောင့်ကြည့်ခြင်းခံနေရပါသည်။

ယခုတပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ရခိုင်နှင့် ချင်းပြည်နယ်အတွင်းမှ မြို့ (၁၁) မြို့အထိ ထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီဖြစ်သည့် ရက္ခိုင့်တပ်တော် (ULA/AA)၏ စစ်ရေးအရွေ့အဟုန်၊ နိုင်ငံရေးမျှော်ရည်ချက်များအား အချက်အလက်များ၊ အဖြစ်အပျက်များနှင့် ULA/AA ခေါင်းဆောင်များ၏ ပြောစကားများအပေါ် အခြေပြုကာ ချဉ်းကပ်တင်ပြသွားပါမည်။

ဆက်လက်ဖတ်ရှုရန်>>>

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA