9 မေ 2024 /

See today's Peace Related News

မြန်မာနိုင်ငံတွင် အရပ်သားအုပ်ချုပ်ရေးကိုပြန်သွားသည့် ဒီမိုကရေစီနည်းကျ အသွင်ကူးပြောင်းရေးဆီသို့ ဦးတည်သော လမ်းကြောင်းတစ်ခုဖော်ဆောင်ကြရန် အရေးတကြီးလိုအပ်နေကြောင်း…

အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အမျိုးသားအရေးပေါ်အခြေအနေအဖြစ် ကြေညာထားချက်ကို နောက်ထပ်တစ်နှစ် သက်တမ်းတိုးလိုက်ပါသည်။ ယင်းသို့ သက်တမ်းတိုးရခြင်းမှာ အမေရိကန်နိုင်ငံ လုံခြုံရေးမူဝါဒကို ခြိမ်းခြောက်စေသည့်အတွက် သမ္မတဂျိုးဘိုင်ဒန်၏ အမိန့်ဖြင့် ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ 1

ဖေဖော်ဝါရီ ၁၂ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် ထိုင်းနိုင်ငံဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ပမ်ပရီဘဟိဒါနုကာရနှင့်ဝါရှင်တန်ဒီစီမှာတွေ့ဆုံခဲ့ပြီး မြန်မာ့အကျပ်အတည်းကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး သက်ဆိုင်သူအားလုံးပါဝင်တွေ့ဆုံဆွေးနွေးရန်၊ မတရား ဖမ်းဆီးခံရသူများအားလုံးကို ပြန်လွှတ်ပေးရန်၊ အကြမ်းဖက်မှုများရပ်တန့်ပြီး ဒီမိုကရေစီအရပ်သားအုပ်ချုပ်ရေးလမ်းကြောင်းပေါ် ပြန်သွားရန်တို့နှင့်ပတ်သက်ပြီး မြန်မာစစ်အာဏာရှင်ကို တောင်းဆိုထားသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် ပိုမိုဆိုးရွားလာသည့် မြန်မာ့အကျပ်အတည်းအပေါ် ဖြေရှင်းရန် ထိုင်းနှင့်အာဆီယံနိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုကိစ္စများအပါအဝင် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် မြန်မာလူထုအတွက်လည်း လူသားချင်းစာနာမှုအကူညီများ တိုးချဲ့ပေးနိုင်ရန် အရေးတကြီးလိုအပ်နေကြောင်း အလေးထားဆွေးနွေးခဲ့ကြပါသည်။ 2

FILE PHOTO: United Nations Secretary-General Antonio Guterres addresses delegates at the opening of the Third South Summit (G77+China) in the Munyonyo suburb, of Kampala, Uganda January 21, 2024. REUTERS/Abubaker Lubowa/File Photo

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနိုင်ငံရေးစနစ်နှင့် ငြိမ်းချမ်းရေး တိုးတက်ထွန်းကားရေးအတွက် မြန်မာပြည်သူလူထုအသံကို ဂရုတစိုက်နားထောင်ပြီး သက်ဆိုင်သူများနှင့်တွေ့ဆုံဆွေးနွေးကာ အခြေအနေများတိုးတက်ကောင်းမွန်လာစေရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဂျပန်နိုင်ငံခြားရေး ဒု-ဝန်ကြီး ကိုမူရာ မာဆာဟီရိုက ဖေဖော်ဝါရီ ၅ ရက်က တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးရုံးတွင် ဂျပန်ရောက်မြန်မာအသိုင်းအဝိုင်းနှင့် လက်ခံတွေ့ဆုံစဉ် ပြောဆိုခဲ့ပါသည်။ 3

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မြန်မာနိုင်ငံတွင် အရပ်သားအုပ်ချုပ်ရေးကို ပြန်သွားသည့် ဒီမိုကရေစီနည်းကျ အသွင်ကူးပြောင်းရေးဆီသို့ ဦးတည်သောလမ်းကြောင်း တစ်ခုဖော်ဆောင်ကြရန် အရေးတကြီးလိုအပ်နေကြောင်း စစ်ကောင်စီတပ်အာဏာသိမ်းမှု ၃ နှစ်ပြည့်အနေဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ထုတ်ပြန်ပြောကြားလိုက်ပါသည်။ 4

ဖေဖော်ဝါရီ ၅ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအတွင်း မြန်မာ့အရေး သီးသန့် အစည်းအဝေးတစ်ခုကို ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင် အရပ်သားများကို ထိခိုက်စေသည့် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းနှင့်ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း လုံခြုံရေးကောင်စီအဖွဲ့ဝင် ၉ နိုင်ငံမှ ပူးတွဲထုတ်ပြန်ခဲ့ကြပါသည်။ ထိုအဖွဲ့ဝင် ၉ နိုင်ငံတွင် အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အီကွေဒေါ၊ မော်လ်တာ၊ ဆလိုဗေးနီးယားနှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ ပါဝင်ခဲ့သည်ကို တွေ့ရှိရပါသည်။ 5

1 မြန်မာနိုင်ငံဆိုင်ရာအရေးပေါ်အခြေအနေ အမေရိကန်က ၁ နှစ်သက်တမ်း ထပ်တိုး
2 မြန်မာပြည် ဒီမိုကရေစီအရပ်သားအုပ်ချုပ်ရေးဆီ ပြန်သွားရန် အမေရိကန်နှင့် ထိုင်းဝန်ကြီး ၂ ဦး တောင်းဆို
3 မြန်မာ့ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးအတွက် လူထု အသံနားထောင် ဆက်လုပ်မည်ဟု ဂျပန် ဒု-ဝန်ကြီး ကတိပြု
4 မြန်မာနိုင်ငံ၌ အရပ်သားအုပ်ချုပ်ရေးကို ပြန်သွားရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တောင်းဆို
5 ကုလလုံခြုံရေးကောင်စီ၌ မြန်မာ့အရေး ဆွေးနွေး၊ အရပ်သားများအပေါ် တိုက်ခိုက်မှု ရပ်တန့်ရန် ၉ နိုင်ငံ တောင်းဆို

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA