စစ်ရှောင်လွတ်မြောက်ရေး ဦးဆောင် လှုပ်ရှားသူ ဦး Zau Jat အမှု သက်သေ ၂ဦး ကို စစ်ဆေး

0
230

အသရေဖျက်မှုဖြင့် တပ်မတော် တရားစွဲဆိုထားခံရသော ဆန္ဒပြ ကချင်လူငယ်ခေါင်းဆောင် ၃ဦး အနက် ဦး Zau Jat ၏ သက်သေ ၂ဦးကို ယနေ့မနက် မြစ်ကြီးနား မြို့နယ်တရားရုံးတွင် ထပ်မံစစ်ဆေးခဲ့သည်။

Slg. Zau Jat (ဦးဇော်ဂျတ်)မှာ ‘ပိတ်မိပြည်သူများကို စစ်တပ်မှ ခြိမ်းခြောက်နှိပ်စက်’ သည် ဟု ပြောဆိုသည့်အပေါ် မှန်ကန်မှုရှိမရှိ သက်သေဖြစ်သော စစ်ဆေးခံ သက်သေနှစ်ဦးဖြစ်သော ကတ်သလစ်အသင်းတော်မှ Peter Hka Aung နှင့် ထိုစဉ် Lai Nawng Hku (လိုင်နှောင်ခူး) ဒေသတွင် စေတနာ့ဝန်ထမ်းနေသော ကချင်ဓမ္မကောလိပ် KTCS မှ ဆရာ Tu Tu Aung ၂ဦးကို စစ်ဆေးခဲ့ ပါသည်။

နောက်ထပ်ရုံးချိန်းကို နိုင်ဝင်ဘာ ၅ရက်နေ့ သတ်မှတ်ထားပြီး ဦး ZauJat ၏ ကျန်ရှိသောသက်သေများကိုသာ စစ်ဆေးသွားမည်ဟု ရှေ့နေ ဦး Mung Seng Tu က ကချင်သတင်းဌာန KNG ကို ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here