ကရင်ဇာတ်မင်းသမီးတစ်ဦး သေနတ်ထိမှန်သေဆုံး

0
571

လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့နယ်ခွဲရှိ ကရင်ဇာတ်သဘင်တစ်ဖွဲ့ ဖြစ်သည့် ဖလုံဆိုဆဟိ (ဖုံဆိုဒ်ဆုဃီု့) ဇာတ်သ ဘင်အဖွဲ့မှ အသက် (၁၉) နှစ်အရွယ် ခေါင်းဆောင်မင်း သမီးတစ်ဦးသည် အောက်တိုဘာလ (၅) ရက်နေ့ည ပိုင်း တွင် သေနတ်ထိမှန်ပြီး သေဆုံးသွားသည်ဟု သိရသည်။

အခင်းဖြစ်ပွားမှုမှာ ထိုနေ့ည၊ ညပိုင်း ၁၁နာရီအချိန်တွင် ဇာတ်တိုက်နေစဉ် ဇာတ်အုပ်ဖြစ်သူက သေနတ်ပစ် ဖောက်ရာမှ ခေါင်းဆောင်မင်းသမီးအား ထိမှန်ပြီးနောက် မိနစ်ပိုင်းအတွင်းမှာပင် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ကရင်ပြည်နယ် ဇာတ်သဘင်အစည်းအရုံး အတွင်းရေးမှူး ရှားထူးဝေါ်က ကေအိုင်စီသို့ ယခုလို ပြောသည်။

“သူတို့ဇာတ်ဖွဲ့က ဇာတ်တိုက်တဲ့အချိန်မှာ အဖွဲ့ထဲ လူရွှင်တော်တစ်ဦးက အရက်နည်းနည်းမူးပြီးတက်တယ်၊ ဝင် ပူးသလိုဖြစ်တယ်။ တစ်ဆက်တည်း မင်းသမီးနှစ်ယောက်ထတက်ပြန်တယ်။ ဇာတ်အုပ်က သူ့အဖွဲ့ထဲမှာ ဒီလို ဖြစ်ရလား ဆိုပြီးစိတ်ဆိုးပြီး မကောင်းဆိုးဝါးတွေကို မောင်းထုတ်ဖို့ သေနတ်ပစ်ဖောက်လိုက်တာ သူချိန်ထား တာ မိုးပေါ်မှာထောင်ပစ်တာ သေနတ်ခေါင်းက သူ့မင်းသမီးဆီ ဘယ်လိုပြန်ကျလဲမသိဘူး။ မင်းသမီးကို သေ နတ်ကျည်ထိသွားတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် သေနတ်ကိုင်ဆောင်သည့် ဇာတ်အုပ်ဆိုသူမှာ ကရင်လက်ကိုင်အဖွဲ့စည်းတစ်ခုမှ အဖွဲ့ဝင်တစ်ဦးဖြစ် သည်ဟု သိရပြီး ၎င်းကိုအဖွဲ့အစည်း၏ ဥပဒေအတိုင်း သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းမှ အပြစ်ပေး အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ KNU/KNLA-PC တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး စောကျော်ညွန့်က “သူတို့ ဇာတ် အုပ်က PC အဖွဲ့ဝင် ဟုတ်ပါတယ်။ သူ့ကို အရေးယူဖို့ကိစ္စကတော့ သူက ဗျူဟာ-၃က ဖြစ်တဲ့အတွက် သူ့ဗျူဟာ မှူးက အရေးယူဆောင်ရွက်ပါ့မယ်။ အခုက စတင်ဆောင်ရွက်နေပါပြီးလို့ သိရတယ်။ အသေးစိတ်ကိုတော့ ဗဟို ကို တက်မလာသေးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

သေဆုံးသူသည် လှိုင်းဘွဲမြို့နယ်၊ နောင်မြလွဲရွာတွင် နေထိုင်သူ မူးလျာဟိဖြစ်ပြီး ယခုနှစ်မှ ခေါင်းဆောင်မင်း သမီးအဖြစ် ပွဲဦးထွက်မည့် ကရင်ဇာတ်မင်းသမီးတစ်ဦးလည်း ဖြစ်သည်ဟု သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here