မြဝတီမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားလာမည်ကို မြို့ခံပြည်သူများ စိုးရိမ်နေ

0
223
ပုံဟောင်းဖြစ်သည်။

၂၁ ဇူလိုင်လ ၂၀၂၂ ခုနှစ်။

ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် မြို့ခံများအနေဖြင့် နောက်ထပ်ဗုံများ ထပ်မံပေါက်ကွဲမှု ဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်ဟု မြို့ခံများက ပြောသည်။

မြဝတီမြို့ပေါ်၊ရဲစခန်းဝန်းအနီးတွင် ဇူလိုင် ၁၉ ရက်နေ့ည ၉ နာရီခွဲဝန်းကျင်အချိန်ခန့်တွင် ဗုံတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မြို့ခံမျာအနေဖြင့် ၎င်းတို့နေထိုင်ရာ အိမ်အနီးဝန်းကျင် များတွင်လည်း ဗုံးထပ်မံပေါက်ကွဲလာမည်ကို စိုးရိမ်နေကြသည်ဟု မြဝတီမြို့ခံတစ်ဦးက ယခုလို ပြောသည်။

၄င်းက “အသံဗုံးလို့တေ့ာပြောကြတယ်။ အများစုကတေ့ာ၊ထိခိုက်မှုတေ့ာမရှိဘူး၊အသံကတေ့ာ ကျယ်တယ်။ ညဘက်ခြမ်းမှာဆိုတေ့ာ စိုးရိမ်ရတာပေါ့။ တိုက်ပွဲဘဲဖြစ်ပြီးလားလို့၊ စကစ က အာဏာသိမ်းပြီးနောက်ပိုင်း အခုလိုတွေ ဆက်တိုက်ဆိုသလိုဘဲဖြစ်နေတာ။ မြဝတီမှာလည်းမီးလောင်လိုက်၊ ရှေ့လတွေတုန်း ကကျတေ့ာ တိုက်ပွဲ တွေဖြစ်တယ်။ ပြီးတေ့ာဗုံးပေါက်တယ်။ အဲ့လိုတွေဖြစ်လိုက်ရင်လည်း စကစနဲ့ပက်သက်တဲ့ရုံးတို့ ရဲစခန်းနားတို့ အဲ့လိုတွေကြီးဘဲ ဖြစ်နေတာ။ ဘယ်အချိန်ကိုယ့် အိမ်နားမှာ လာပေါက်မလဲ အဲ့တာကို ကြောက်နေရတာ” ဟု ကေအိုင်စီသို့ပြောသည်။

နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့အနေဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲမှု အပါအဝင် တိုက်ပွဲဖြစ်ပွားမှုလည်းရှိခဲ့ပြီး ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေး တံတားထိပ် ပေါက်ကွဲမှုမှာ အကြီးမားဆုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အလားတူ ယခင် ဇွန်လ ၁၁ ရက်နေ့တွင်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးရှေ့တွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။

ထိုသို့ ပေါက်ကွဲမှုဖြစ်စဉ်များအပါအဝင်း မြို့အနီး ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် လက်နက်ကြီး ပစ်ခတ်မှုများ၊ မြို့တွင်း လုံခြုံရေး တိုးမြှင့်ချထားမှုများကြောင့် မြို့ခံများ အနေဖြင့် စိုးရိမ်ပူပန်မှုများဖြင့် နေထိုင်နေကြရ ကြောင်းလည်း နောက်ထပ် မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“စကစတွေ အာဏာသိမ်းပြီးတေ့ာ တစ်ခုမဟုတ်တစ်ခုဖြစ်နေတယ်လေး။ မီတာခတိုးကောက်ရတာနဲ့။ တိုက်ပွဲ ဖြစ်လိုက်။ မီးလောင်လိုက်နဲ့မနေ့ညကဆိုဗုံးပါထပ်ပေါက်သေးတယ်။ ဘာတစ်ခုမှ မကောင်းဘူး။ ကိုယ့်အိမ် အနား ဘယ်ချိန်ထပေါက်မလဲ အဲ့တာတစ်ခုကိုပါ ကြောက်ရသေးတယ်။ စီးပွားရေးကပါမကောင်းဘူး။ ဘာလုပ်လို့လုပ်ရမလဲ မသိဘူး။ စိတ်ပျက်ဖို့ကောင်းတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ အဆိုပါ လုံခြုံရေးတင်းကြပ်ထားသည့် မြဝတီမြို့ပေါ်တွင်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ် အကြိမ် (၂၀) ထက်မနည်း ဖြစ်ပွားခဲ့ပြီး မြဝတီအနီးတွင် စစ်ကောင်စီနှင့် နယ်မြေခံ ကရင်အမျိုးသားအစည်းအရုံး-KNU လက်အောက်ခံနှင့် ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သေးသည်။

ပြီးခဲ့သည့် ဧပြီလ၂၉ရက်နေ့တွင်လည်း မြဝတီမြို့နယ် အမှတ် (၄) ရပ်ကွက် အောင်မြေရွှေဘို အနီးရှိမချောလေး ကုန်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးပြီး မြို့နေပြည်သူတချို့လည်း ဘေးလွှတ်ရာသို့ ထွက်ပြေးခဲ့ကြရကာ အလားတူဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားလာမည်ကိုလည်း မြဝတီမြို့ခံများက စိုးရိမ်နေကြကြောင်း သိရသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here