တိုက်ပွဲကြား ပိတ်မိနေသူများ လွတ်မြောက်ရေးဆန္ဒဖော်ထုတ်ခဲ့သော ကချင်လူငယ်ခေါင်းဆောင်များ အသရေဖျက်မှုဖြင့် ထောင်ချခံရ

0
422
ထောင် (၆)လနှင့် ငွေဒဏ် ငါသိန်းကျပ် ချမှတ်ခံရသူ ကိုလွမ်းဇောင်းအား တွေ့ရစဉ် (ဓာတ်ပုံ-KNG)

တိုက်ပွဲကြား ပိတ်မိနေသော ပြည်သူများ လွတ်မြောက်ရေး ပြောဆိုခဲ့သည့် ကချင်လူငယ်ခေါင်းဆောင်သုံးးဦးအား ဒီဇင်ဘာလ ၇ရက် (ယနေ့)တွင် မြစ်ကြီးနားမြို့နယ်တရားရုံးမှ ထောင်ဒဏ် (၆)လနှင့် ငွေဒဏ် ငါးသိန်းကျပ်အဖြစ် အမိန့်ချမှတ်လိုက်သည်။

ယခုနှစ် မေလအတွင်း မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည့် အဆိုပါပြည်သူများလွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်ပွဲနှင့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုချက်များအပေါ် တပ်မတော်မှ အသရေဖျက်သည်ဟုဆိုကာ အသရေဖျက်မှုဆိုင်ရာ ပုဒ်မ ၅၀၀ဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက လူငယ်သပိတ်ခေါင်းဆောင်များအား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုခံရသော လူငယ်သပိတ်ခေါင်းဆောင်များဖြစ်သည့် ကိုလွမ်းဇောင်း၊ ကိုဇော်ဂျက်၊ မနန်ပူနှင့် တရားစွဲဆိုခံရသူများဘက်မှ သက်သေအဖြစ် (၃၀)ဦးနီးပါးနှင့် တရားလို ဒုဗိုလ်မှူးကြီးမျိုးမင်းဦးအပါအဝင် တရားလိုပြသက်သေ (၃)ဦးတို့ကို (၂၈)ကြိမ်အထိ ရုံးထုတ်စစ်ဆေးကာ အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုခံရသူများအနေဖြင့် အမှုကို ပျယ်ဖျက်ပေးရန် ပြည်နယ်အဆင့်နှင့် ခရိုင်အဆင့်တရားရုံးတို့တွင် လျှောက်လဲချက်တင်ပြခဲ့သော်လည်း တရားသူကြီးတို့၏ ပယ်ချခြင်းခံခဲ့ရကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here