မြေမြှုပ်မိုင်းကြောင့်ခြေတုလက်တု တပ်ဆင်ရမှု နှစ်စဉ်လျော့ကျလာဟု ဆို

0
319

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွင် မြေမြှုပ်မိုင်းဒဏ်ကြောင့် ကိုယ်ခန္ဓာအစိတ်အပိုင်း ပျက်စီးဆုံးရှုံးခဲ့ရသူ များအတွက် ခြေတု လက်တုတပ်ဆင်ရမှုအခြေအနေမှာ တနှစ်ထက်တနှစ်လျော့ကျလာပြီဖြစ်ကြောင်း ဖားအံမြို့ နယ် တောင်ကလေးတွင် အခြေစိုက်သည့် ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနထံမှ သိရသည်။

အဆိုပါ ဌာနမှာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဒေသကြီး ၅ ခုဖြစ်သည့် ကရင်၊ ကရင်နီ(ကယား)နှင့် မွန်ပြည် နယ်၊ ပဲခူးအရှေ့ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးတို့မှ ခြေတုလက်တုတပ်ဆင်ရသည့် ပြည်သူများအတွက် ရည် ရွယ်ဖွင့်လှစ်ထားသည့် ဌာနတစ်ခုလည်းဖြစ်သည်။

တောင်ကလေး ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန၏ ဒုမန်နေဂျာ ခြေတုလက်တုပညာရှင် ဦးထွန်းထွန်းလတ်က “အရင်တုန်းက ဒီကိုရောက်လာတဲ့လူအများစု၊ ၆၀ ရာခိုင်နှုန်းလောက်ဟာ မြေ မြှုပ်မိုင်းကြောင့်ဖြစ်တယ်။ ခုတော့ Data (အချက်အလက်) အရ တစ်နှစ်ထက်တစ်နှစ်

ပြန်လည်လျော့ကျ လာပြီဖြစ်တယ်။”ဟု ဒီဇင်ဘာ ၃ ရက်(ယနေ့)တွင် ကေအိုင်စီသို့ ပြောသည်။
မြေမြှုပ်မိုင်းကြောင့်ခြေတုလက်တုတပ်ဆင်ရမှု အခြေအနေမှာ တနှစ်ထက် တနှစ်လျော့ကျလာပြီဖြစ်သော် လည်း ဆီးချိုကဲ့သို့သော ရောဂါများနှင့် မတော်တဆထိခိုက်မှု အခြေအနေများကြောင့် ခြေတုလက်တု လာရောက် တပ်ဆင်သူ ဦးရေမှာနှစ်စဉ်တိုးတက်လာကြောင်းလည်း ဦးထွန်းထွန်းလတ်က ဆက်ပြောသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ-ICRC တို့က ၂၀၀၃ ခုနှစ်၊ ဇန်န ဝါရီလမှ စတင်ပူးပေါင်းဖွင့်လှစ်ခဲ့သည့်

၎င်းခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနတွင် လက်ရှိအ ချိန်အထိ မြေမြှုပ်မိုင်းဒဏ်နှင့် အခြားထိခိုက်မှုအခြေအနေများကြောင့် ခြေတုလက်တု အသုံးပြုသူပေါင်း ၇,၄၁၅ ဦး ရှိခဲ့ပြီဖြစ်ကြောင်း ဌာနတာဝန်ရှိသူများထံမှ သိရသည်။

ကရင်ပြည်နယ်တွင် မြေမြှုပ်မိုင်းဒဏ်ကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်း စွန့်လွှတ်ခဲ့ရသူများရှိနေဆဲပင်ဖြစ်ပြီး မြေ မြှုပ်မိုင်းရှင်းလင်းရေးနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့်အစိုးရတို့မှ အကောင် အထည်ဖော်မှုအားနည်းနေသေးသည့်အတွက် လက်ရှိကရင်ပြည်နယ်အတွင်းရှိ အချို့သောနေရာဒေသများ တွင် မြေမြှုပ်မိုင်းအန္တရာယ်များမှာ ရှိနေဆဲပင်ဖြစ်သည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီး ဌာန၏ပြည်နယ်ဦးစီးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မင်းကလည်း ပြည်နယ်အတွင်း မိုင်းရှင်း လင်းရေး လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ “အဓိကအခက်အခဲကတော့ နည်းပညာနဲ့ ငွေကြေးမဟုတ်ဘူး။ ကျနော်တို့ ဒေသအခြေအနေပဲ အဲဒီဒေသမှာ တချို့ အဖွဲ့အစည်းတွေက နည်းနည်း ပူးပေါင်းပါဝင်မှှု အားနည်းသေးတာရှိတယ်။ ဝိုင်းလုပ်ပေးမယ်ဆိုရင် ကျနော်တို့နိုင်ငံထဲမှာ လာပြီးတော့မှ ကူညီပေးဖို့ စောင့်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ရှင်းပေးလုပ်ပေးမှာဖြစ်ပါတယ်↔ဟု ပြီးခဲ့သည့် နိုဝင်ဘာလက ကေအိုင်စီသို့ ပြောဆိုထားသည်။

မြေမြှုပ်မိုင်းကြောင့် ခြေတု၊ လက်တုကိရိယာ လာရောက်တပ်ဆင်သူများမှာ အများအားဖြင့် ကရင်ပြည်နယ် အတွင်းမှဖြစ်သည်ဟု ဌာနတာဝန်ရှိသူများ၏ ပြောပြချက်အရသိရပြီး ယင်းဌာနအနေဖြင့် ခြေတုလက်တုများ၊ အားပြုကိရိယာများ တပ်ဆင်ပေးခြင်းအပြင် ဟောင်းနွှမ်းပျက်စီးပါက ပြန်လည်လဲလှယ်ပေးခြင်း၊ လာရောက် စဉ် ကာလတွင် စားဝတ်နေရေး၊ သွားလာရေးစရိတ်အတွက် စီစဉ်ပေးခြင်း၊ အခြားအေဂျင်စီနှင့်ချိတ်ဆက်ကာ အလုပ်အကိုင်ရရှိရန် သင်တန်းပေးခြင်း၊ အားကစားတွင်ပါဝင်စေခြင်း စသည်တို့ကိုပါ အခမဲ့ ကူညီပေးသည်ဟု သိရသည်။

ကရင်ပြည်နယ်တွင်သာတည်ရှိသည့် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော် မတီ-ICRC တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် ဖားအံ ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန အပါအဝင် အခြားအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေး ဌာနများမှာ မြန်မာ နိုင်ငံတွင် စုစုပေါင်း ၉ ဌာနရှိကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here