ဆွေးနွေးပွဲများတွင် KNU ပါဝင်မှု ရပ်ဆိုင်းထားခြင်းသည် EAO များအတွက် အဆင်မပြေဟု မွန်ပြော

0
298

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တရားဝင်ပါဝင်မှု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ယာယီရပ်ဆိုင်း လိုက် သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ (EAOs) များအတွက် အဆင်မပြေမှုများကို ဖြစ်စေသည်ဟု မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “KNU အနေနဲ့ အခုလို ယာယီရပ်ဆိုင်းထားတော့ ကျနော်တို့ EAO တစ်ခုလုံးအတွက် မကောင်းဘူးပေါ့နော်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တူတူသွားရမယ်။ အတူတူဆုတ်၊ အတူတူတက်၊ အတူတူပြော၊ အတူတူ ဆွေးနွေးကြမယ်။ KNU ရပ်ဆိုင်းလိုက်တော့ ကျနော်တို့လည်း CEC တွေ၊ ဗဟိုကော်မတီဝင်တွေ ဒီကိစ္စအပေါ် ပြန်လည်သုံးသပ်ဖို့ အစည်းအ ဝေးလုပ်သွားမယ်” ဟု နိုဝင်ဘာ ၁၆ ရက်နေ့တွင် ပြောသည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် နယ်မြေအခြေအနေယူဆချက် အခက်ခဲပြဿနာ ကွဲပြားမှု ရှိ သည့်အပေါ် ယခုကိစ္စတွင် NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်) လက်မှတ်ထိုးထားသည့် မိမိတို့ မွန်ပြည်သစ်ပါတီအပေါ် အကျိုးသက်ရောက်မှု မည်သို့ ရှိမည်ကို တိတိကျကျ မပြောနိုင်သေးကြောင်း ၎င်းက ဆက် ပြောသည်။

“KNU ယာယီရပ်ဆိုင်းလိုက်တော့ ရှေ့ဆက်သွားမဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တစ်ဆို့မှုတွေအများကြီး ဖြစ် သွားနိုင်တာပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ
တောင်ပိုင်းဒေသအနေနဲ့ဆို မွန်၊ ကရင် နယ်မြေလွှမ်းမိုးမှုက အများဆုံးပါ။ ကရင်က ဆိုင်းငံ့ထားမယ်။ မွန်ကဆက်သွားနေတယ်။ ဒါကတော့ သိပ်ပြီး အဆင်မပြေလှဘူးပေါ့လေ။ အချင်းချင်းပြ ဿနာ မဖြစ်ဘူးဆိုပေမယ့် ပင်လုံညီလာခံမှာ သက်ရောက်မှုရှိလာနိုင်တယ်။” ဟု မွန်နိုင်ငံရေး အနီးကပ်စောင့်ကြည့်သူ နိုင်မင်းမင်းနွယ်က နိုဝင်ဘာ ၁၇ ရက်နေ့တွင် မှတ်ချက်ပြုပြောသည်။

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ယခုလဆန်းပိုင်းတွင် ဖားအံခရိုင်၊ လေးဝါးစခန်း(လော်ခီးလာ)၌ ပြု လုပ်သည့် ၆ ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီအရေးပေါ် အစည်းအဝေးတွင် ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင် အစည်း အဝေးတွင် ပါဝင်မှုကို ယာယီရပ်ဆိုင်းထားပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းမှ တစ်ဆင့်ဆွေးနွေး အဖြေရှာသွားမည်ဟု အစည်းအဝေးအပြီး နိုဝင်ဘာ ၁၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here