ငြိမ်းချမ်းရေးဖြစ်စဉ် လူငယ်နှီးနှောဖလှယ်ပွဲ မွန်တွင် ပထမဦးဆုံးအကြိမ် ပြုလုပ်

0
258

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် လူငယ်များ ပိုမိုသိရှိနားလည်နိုင်ရန်ရည်ရွယ်ကာ လူငယ်နှီးနှောဖလှယ်ပွဲ တစ်ခုကို မွန်ပြည်နယ်၊ ရေးမြို့နယ် ဘေးလမိုင်း ကျေးရွာ နိုဝင်ဘာ ၁၂ မှ ၁၃ ရက်အထိ ဒူးပလာယာခရိုင် ကရင်လူငယ်အစည်းအရုံးက ဦးဆောင်ပြုလုပ် ခဲ့သည်။

ကေအဲန်ယူ၊ ဒူးပလာယာခရိုင် စည်းရုံးရေးမှူး ပဒိုစောအယ်ဒါးက “ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ မူးယစ်ဆေးဝါး ပညာ ပေးအကြောင်းပါတယ်။ NCA မှာပါတဲ့အကြောင်းအရာတွေပေါ့။ လူငယ်တွေ ပိုနားလည်သိရှိနိုင်အောင် ပြုလုပ် တာပါ။ ငြိမ်းချမ်းရေးက လူတိုင်းလိုချင်ပါတယ်။ မျှတတဲ့ အခွင့်အရေးတွေ ရရှိဖို့ကတော့ အနာဂတ်လူငယ်တွေ လက်ထဲမှာ ရှိနေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

နှစ်ရက်ကြာပြုလုပ်ခဲ့သည့် ယင်းလူငယ်နှီးနှောဖလှယ်ပွဲသို့ ဒေသတွင်း ဦးဆောင်လူငယ် ၃၀ ဦးကျော်တက် ရောက်ခဲ့ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် အပြန်အလှန် မေးမြန်းဖလှယ်ခြင်း၊ လူငယ်နှင့် မူးယစ်ဆေးဝါးဆိုး ကျိုးများအကြောင်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

လူငယ်နှီးနှောဖလှယ်ပွဲတက်ရောက်ခဲ့သူ ကြာအင်းဆိပ်ကြီးမြို့နယ်မှ စောကြည်ဝင်းက “ တစ်ချိန်က ငြိမ်းချမ်း ရေးမရှိတဲ့ အခြေအနေနဲ့ ငြိမ်းချမ်းရေးသွားနေတဲ့အခြေအနေလေးတွေ သိလာရတယ်ပေါ့နော်။ ဒီအပေါ်မှာ ကျနော်တို့လူငယ်တွေက ငြိမ်းချမ်းရေးလမ်းခရီးမှာ ကျရာနေရာကနေ အားဖြည့်သွားမယ်” လို့ ပြောသည်။

အဆိုပါ လူငယ်နှီးနှောဖလှယ်ပွဲကို ဝင်းရေးမြို့နယ် ကရင်လူငယ်အစည်းအရုံး(KYO)က မွန်ပြည်နယ်တွင် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့တာဝန်ခံများထံမှ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here