ဖက်ဒရယ်ဘဏ္ဍာရေးစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖားအံတွင် ပြုလုပ်

0
219

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဘဏ္ဍာရေးစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို အောက်တိုဘာ ၂၉ ရက်မှ ၃၁ ရက်နေ့ အထိ ဖားအံတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

Salween Institute for Public Policy အဖွဲ့မှ ဦးဆောင်ကာ ဖားအံမြို့၊ Research Institute for Society and Ecology-RISE ရုံး၌ ၃ ရက်တာ ပြုလုပ်ခဲ့သည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ယင်းအဖွဲ့၏ Deputy Director နန်းယိင်းလောဝ်က နိုဝင်ဘာ ၁ ရက်(ယနေ့)တွင် ကေအိုင်စီသို့ ယခုလိုပြောသည်။

၎င်းက ̏ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်တွေအနေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ကျင့်သုံးနိုင်ဖို့ဆိုရင် ပြည် ထောင်စုနဲ့ ပြည်နယ်အစိုးရကြားမှာ လုပ်ပိုင်ခွင့်အာဏာ ခွဲဝေတာတွေ၊ အဲဒီအာဏာတွေကို လက်တွေ့ကျင့်သုံး နိုင်ဖို့၊ တာဝန်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် လုံလောက်တဲ့ ဘဏ္ဍာငွေတွေ ရှိဖို့လိုပါ တယ်။ ဒါကြောင့်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တစုံတရာ အထောက် အကူပြုနိုင်ဖို့ ရည်ရွယ်ပြုလုပ်တာပါ ↔ဟုပြောသည်။

ဖက်ဒရယ် ဘဏ္ဍာရေးစနစ်ဆိုသည်မှာ ကုန်ကျစရိတ်များ တာဝန်ယူကျခံသည့်အပိုင်းနှင့် အကောက်ခွန်များ ခွဲ ဝေသည့်အပိုင်းများ၌ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရအကြား လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ ဖြစ်ကာ ယင်းအကြောင်းအရာများအား အကျေအလည် ဆွေးနွေးဆုံးဖြတ်နိုင်ခြင်းမရှိပါက ပြည်ထောင်စု တည် ဆောက်ရေးဖြစ်စဉ်တွင်လည်း ဆက်လက်ပြီး နှောင့်နှေးကြန့်ကြာနေမည်ဖြစ်ကြောင်း နန်းယိင်းလောဝ်က ဆက် ပြောသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ် မတော်-DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA (PC)၊ ကရင်နိုင်ငံရေးပါတီများ၊ ကရင်အရပ်ဖက်လူမှု အဖွဲ့အစည်းများ အပါအဝင် စုစုပေါင်း လူဦးရေ ၄၀ ကျော်တက်ရောက် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

သုံးရက်တာ အလုပ်ရုံဆွေးနွေးပွဲ၌ ဖက်ဒရယ်ပြည်ထောင်စုစနစ်အတွင်း ဖက်ဒရယ်ဘဏ္ဍာရေးစနစ်၏အရေးပါပုံ၊ ဖြစ်နိုင်ချေ အကျိုးရလဒ်နှင့် စိန်ခေါ်မှုများ၊ ပြည်ထောင်စုစနစ်အတွင်းရှိ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ နှင့် ဒေသန္တရအစိုးရတို့၏ ကိုယ်ပိုင်ဘဏ္ဍာငွေ အရင်းအမြစ်များနှင့် အခွန်ဘဏ္ဍာကောက်ခံပိုင်ခွင့်အာဏာများ ခွဲဝေသတ်မှတ်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ ပတ်သက်ဆက်နွယ်မှုများ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ ကြသည်။

Salween Institute for Public Policy အဖွဲ့မှ ဦးဆောင်ကာ ဖက်ဒရယ်ဘဏ္ဍာရေးစနစ်ဆိုင်ရာ အလုပ်ရုံ ဆွေး နွေးပွဲများကို ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် တစ်ကြိမ်စီ အသီးသီး ကျင်းပ ခဲ့ပြီးဖြစ်သလို အခြား ပြည်နယ်နှင့်တိုင်းများတွင်လည်း ဆက်လက်ကျင်းပသွားရန် အစီအစဉ် ရှိကြောင်း နန်း ယိင်းလောဝ်ထံမှ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here