NRPC သို့ ပေးပို့သည့် အကြောင်းကြားစာ ပြန့်နှံ့မှုအပေါ် KNU ရှင်းလင်းချက်ထုတ်

0
234

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူ၍ ပေးပို့ခဲ့သည့် KNU-ကရင်အမျိုးသားအစည်းအရုံး၏ အသိပေး အကြောင်းကြားစာ ပြန့်နှံ့မှုအပေါ် သက်ဆိုင်ရာက ထိန်းသိမ်းသင့်ကြောင်း အောက်တိုဘာလ ၂၉ရက်(ယနေ့)တွင် KNU ဌာနချုပ်၏ လူမှုကွန်ရက်စာမျက်နှာ၌ ရှင်းလင်းချက်ထုတ်ထားသည်။

၎င်းရှင်းလင်းချက်ထဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဓိက ပါဝင်ပတ်သက်သူများအတွင်း သဘောထားတင်ပြသည့် အကြောင်းကြားစာဖြစ်သော်လည်း လူမှုကွန်ရက်သို့ အလျင်အမြန် ပြန့်နှံ့သွားခြင်းအတွက် လျှို့ဝှက်ထိန်းသိမ်းအပ်သော သတင်းအချက်အလက်များကို သက်ဆိုင်ရာက ထိန်းသိမ်းအပ်သည်ဟု ယုံကြည်ကြောင်း ပြောကြားထားသည်။

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ လက်မှတ်ဖြင့် NRPC သို့ အောက်တိုဘာ ၂၇ရက် နေ့စွဲဖြင့် ပေးပို့ခဲ့သည့် အသိပေး စာထဲတွင် “အဖွဲ့အစည်း၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်မှုတွင် အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်မှုဖြစ်ရန်အတွက် အဖွဲ့အစည်းတ ခုလုံး တညီတညွှတ်တည်း ပါဝင်ရန် လုံလောက်သည့် အချိန်ကာလတစ်ခု ရယူရန် လိုအပ်သည့်အတွက် လတ်တလော ကျင်းပ ပြုလုပ်မည့် အစည်းအဝေးများတွင် KNU ၏ ပါဝင်မှုအား ယာယီ ရပ်ဆိုင်းထားကြောင်း လေးစားစွာဖြင့် အသိပေး အကြောင်း ကြားအပ်ပါသည်”ဟု ဖော်ပြထားသည်။

နေပြည်တော်၌ အောက်တိုဘာ ၁၅-၁၆ရက်နေ့များက ကျင်းပပြုလုပ်ခဲ့သည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းခေါင်းဆောင်များ၏ သီးသန့် အစည်းအဝေး သဘောတူညီချက်များကို အဖွဲ့အစည်းအတွင်း ပြန်လည်ချပြ၊ ဆွေးနွေးအ တည်ပြုခြင်းနှင့် ညှိနှိုင်းလုပ်ဆောင်ကာ ဆုံးဖြတ်ချက်များ ချမှတ်ရမည်ဖြစ်ပြီး အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင် အထည်ဖော်မှုအသစ်ဖြစ်သည့် ယန္တရား၊ မူဘောင်နှင့် ဆုံးဖြတ်ချက်ချရမည့်ပုံစံအား အားလုံးနားလည်ရန် သဘောတူညီမှု ရယူရ မည်ဖြစ်ကြောင်း အသိပေးစာတွင် ဖော်ပြပါရှိသည်။

KNU သည် ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here