ပစ်ခတ်ခံရမှုကြောင့် နောင်လုံတံတားရဲ ၁ဦးသေဆုံး၊ အရပ်သား ၁ဦး ဒဏ်ရာရ

0
183

ဖားအံမြို့နယ်၊ နောင်လုံကျေးရွာ တံတားတွင် ယနေ့(အောက်တိုဘာ ၂၇ ရက်) နေ့လည် ၁၂နာရီအချိန်က သေနတ်ဖြင့် ပစ်ခတ် မှုကြောင့် တံတားလုံခြုံရေး တာဝန်ယူနေသော ရဲဒုတပ်ကြပ်တစ်ဦး သေဆုံးပြီး ရုံးစောင့် ၁ဦး ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့နှင့် နီး စပ်သူများက ပြောဆိုသည်။

၎င်းတို့၏ အတည်ပြုပြောဆိုချက်များအရ အပစ်ခံရသူမှာ ဖားအံမြို့နယ်ရဲတပ်ဖွဲ့၊ အိန္ဒုနယ်မြေရဲစခန်းမှ ဒုတပ်ကြပ် မျိုးဇော် အောင်နှင့် နောင်လုံတံတား ဆောက်လုပ်ရေးမှ ရုံးစောင့်ဝန်ထမ်း ဦးသက်လွင်တို့ဖြစ်ကြပြီး တံတားရဲကင်း၌ရှိနေစဉ် သေနတ် သမားတစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်လာကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပစ်ခတ်ခံရသူ ၂ဦးကို ဖားအံဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ရဲတပ်ကြပ် မျိုးဇော်အောင်မှာ ရရှိထားသောဒဏ်ရာဖြင့် ယနေ့ နေ့လည် ၁၂နာရီခွဲအချိန်တွင် သေဆုံးခဲ့ပြီး ဦးသက်လွင်မှာ ဘယ်ဖက်လက်မောင်း ဒဏ်ရာရရှိခဲ့သည်ဟုလည်း သိရသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေနတ်သမားဖြစ်သူ စောသန်းနိုင် (အသက် ၅၂နှစ်)ကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ကိုင်တပ် ဖွဲ့များနှင့် ဆက်စပ်မှုရှိ၊မရှိ၊ အခင်းဖြစ်စဉ်အကြောင်းရင်းများကို တာဝန်ရှိသူများက စိစစ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here