ကရင်လူငယ်များအတွက် နိုင်ငံရေးဆိုင်ရာ ဆရာဖြစ်သင်တန်းဖွင့်လှစ်နိုင်ရေး ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်း

0
209

မြန်မာတစ်နိုင်ငံလုံးရှိ ကရင်လူငယ်များအနေဖြင့် ကရင့်ရေးရာများကို ထဲထဲဝင်ဝင် သိရှိနားလည်ပြီး ငြိမ်းချမ်း ရေး ဖြစ်စဉ်တွင် ပိုမိုပါဝင်လာစေရန် မျှော်မှန်းသည့် ကရင့်နိုင်ငံရေးဆိုင်ရာ ဆရာဖြစ်သင်တန်းဖြစ်မြောက် ရေး ကော်မတီတစ်ရပ်ကို ကရင်လူငယ်အစည်းအရုံး (KYO)နှင့် ကရင်လူငယ်ကွန်ရက်(KYN)တို့ ဦးဆောင်မှုဖြင့် အောက်တိုဘာ ၂၅ရက်နေ့က ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

အဆိုပါ ကရင်လူငယ်အဖွဲ့များဦးဆောင်မှုဖြင့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ၊ ကရင်နှင့် ကရင်နီပြည်နယ် စသည့် နေရာဒေသအသီးသီးမှ ကရင်လူငယ်များနှင့်ကရင်စာပေယဉ်ကျေးမှုကော်မတီများမှ တာဝန်ရှိသူများ ပါဝင်ပြီး အောက်တိုဘာလ ၂၅ ရက်မှ ၂၆ရက်နေ့အထိ ဖားအံခရိုင် ၊ ပိုင်ကျုံမြို့နယ်၊ ပိတခကျေးရွာ၌ ပြုလုပ်သည့် ကရင်လူငယ်တွေ့ဆုံပွဲတွင် ထိုသို့ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ဆရာဖြစ်သင်တန်းဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး စောလားကပေါ်က “ ကရင်ရေးရာနဲ့ ပတ်သက်ပြီး တော့မှ ကရင်လူငယ်တွေ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို ကရင်လူမျိုးစုတွေ ရှိတဲ့နေရာမှာ ပြန် လည်မျှဝေပေးနိုင်ဖို့ ဆရာဖြစ်သင်တန်းကို ပိုကောင်းအောင် လုပ်ဆောင်နိုင်ဖို့အတွက် ကော်မတီကို ဖွဲ့စည်းတာ ဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဖွဲ့စည်းလိုက်သည့် ဆရာဖြစ်သင်တန်း ဖြစ်မြောက်ရေးကော်မတီတွင် (KYO) နှင့်(KYN)တို့မှ ဦးဆောင်ကာ ဥက္ကဌ၊ အတွင်းရေးမှူး၊ ချိတ်ဆက်မှုတာဝန်ခံ၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်၊ ဒေသအလိုက် ပြည်နယ်/ တိုင်းတာဝန်ခံ များ(Focal Person)အပြင် လုပ်ဆောင်ချက်များတွင် ကူညီအကြံဉာဏ်ပေးနိုင်စေရန် ဒေသအလိုက် ကရင် စာ ပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များ၊ အဖွဲ့အစည်းများအား အကြံပေးပုဂ္ဂိုလ်များအဖြစ် ရွေးချယ်ကာ ဖွဲ့စည်း ထားခြင်း ဖြစ်သည်။

ဆရာဖြစ်သင်တန်း(TOT)တွင် ကရင့်သမိုင်းကြောင်းများ၊ ဖက်ဒရယ်ဆိုင်ရာ သိသင့်သိထိုက်သည်များ၊ ငြိမ်းချမ်း ရေးဖြစ်စဉ်များ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြန်လည်သုံးသပ်ခြင်း၊ KNU၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများ နှင့် ကိုယ်ကာယလေ့ကျင့်ခန်း စသည်တို့ကို ထည့်သွင်းသင်ကြားပေးသွားမည် ဖြစ်ပြီး သင်တန်းဆိုင်ရာ အချိန်၊ နေရာနှင့်အသေးစိတ်အချက်အလက်များကို ဆက်လက်ဆွေးနွေး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းလည်း ဖြစ်မြောက်ရေး ကော်မတီများက ပြောကြားသည်။

 

ဆရာဖြစ်သင်တန်း ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး ကရင်လူငယ်ကွန်ယက် အထောက် အပံ့ပေးရေးအဖွဲ့မှ နော်အယ်ဖောဝါးက “ TOT ကော်မတီတစ်ရပ်ရှိ လာတာက အားသာချက်တွေ အများကြီးရှိ တယ်။ ကော်မတီက ထိရောက်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရှိတဲ့အတွက် ပိုကောင်းတယ်လို့ မြင်တယ်။ လူ ငယ်တွေချည်းပဲ လုပ်တာထက် တာဝန်ခံပေးနိုင်တဲ့ ဒေသအသီးသီးက စာယဉ်တွေ၊ ခေါင်းဆောင်တွေ ပါလာ တော့ အမှားလည်း နည်းတာပေါ့” ဟု ပြောသည်။

ထို့အပြင် ပိုမိုကောင်းမွန်ပြည့်စုံသော ဆရာဖြစ်သင်တန်း ဖြစ်လာစေရေးအတွက် နည်းပညာဆိုင်ရာများအပြင် နိုင်ငံ့အကျိုး မျိုးနွယ်စုအကျိုးအတွက် မှန်ကန်သော သမိုင်းများ ၊ မှန်ကန်သော သတင်းများ၊ မိမိတို့ဒေသနှင့် ကိုက်ညီသော သင်တန်းများအား ထည့်သွင်းသင်ကြားပေးနိုင်က ပို၍ အဆင်ပြေနိုင်ကြောင်း နော်အယ် ဖော်ဝါး က အကြံပြုပြောဆိုသည်။

ကရင်လူငယ်နှင့် ကရင့်နိုင်ငံရေးဆိုင်ရာ ဆရာဖြစ်သင်တန်းကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် တစ်လတာ သင်တန်း တစ်ကြိမ် ပေးနိုင်ခဲ့ပြီး ကရင်မျိုးနွယ်စုများရှိရာ ဒေသများတွင် အတိုင်းအတာတစ်ခုမျှသာ ပြန်လည် မျှဝေ နိုင်ခဲ့သည့်အတွက် အဆိုပါသင်တန်းကို ပြန်လည်ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ယခုဆရာဖြစ် သင်တန်း ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here