မြန်မာအစိုးရတပ် က KBC ဓမ္မ ဆရာမ အပါဝင် လူ ၁၅ ဦးကို ဖမ်းဆီး ထား

0
276
ဖမ်းဆီးခံ KBC ဓမ္မ ဆရာမ Lacham Hkawng Nyoi။ ပုံ- facebook

မြန်မာအစိုးရတပ် က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဓမ္မ ဆရာမ တစ်ဦး အပါဝင် တရုတ်နယ်စပ် ခရီးသွား (၁၅)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ယနေ့ (၃)ရက်ရှိလာပြီဖြစ်ပြီး ၎င်းတို့ကို မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်း မသိရဟု အဖမ်းခံရသူများ၏ မိသားစုများ ဆိုသည်။

၎င်းတို့ကို မြစ်ကြီးနား-ဗန်းမော်လမ်း Nam San Yang (နမ်ဆန်ယန်) ကျေးရွာ တွင် အောက်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်း ၇နာရီခန့်တွင် မြစ်ကြီးနားအခြေစိုက် မြန်မာစစ်တပ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တပ်များ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြောပါသည်။

ဖမ်းဆီးခံရသည့် KBC အမှုတော်ဆောင် ဆရာမ Cham Loiq (Lacham) Hkawng Nyoi (ခေါင်ညွယ်) သည် ဝိုင်းမော်ဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းများအဖွဲ့ ဖုန်မိုင်ယန် (Hpung Mai Yang) အသင်းတော်တွင် အမှုဆောင်နေသည်ဟု ဝိုင်းမော် KBC ဆရာ တဦး က ကချင်သတင်းဌာန KNG အတည်ပြု ပြောပါသည်။

ဆရာမသည် နယ်စပ် တရုတ်ပြည်ဘက်ခြမ်း သာသာနာခရီးစဉ်မှ Laiza-Nam San Yang (လိုင်ဇာ-နမ်ဆန်ယန်) လမ်းမှ ဝိုင်းမော်သို့ အပြန် သူမ လိုက်ပါသော ဆိုင်ကယ် ကယ်ရီသမားနှင့်အတူ အဖမ်းခံရခြင်း ဖြစ်ကြောင်း ဝိုင်းမော် KBC က ဆိုပါသည်။

ဖမ်းဆီးခံရသူ ၁၅ ဦးတွင် (၈)ဦးသည် အမျိုးသမီး နှင့် (၇)ဦးသည် အမျိုးသားဖြစ်ပြီး ၎င်းတို့တွင် KBC အမှုတော်ဆောင် ဆရာမနှင့် စစ်ရှောင်များ၊ ကားဒရိုင်ဘာများ၊ မော်တော်ဆိုင်ကယ် ကယ်ရီသမားများအပြင် တရုတ်နယ်စပ် ခရီးသည်များလည်း ပါဝင်သည်ဟု ကချင်သတင်းဌာန KNG မှ မေးမြန်းသိရသည်။

သုံးရက်တိုင် မည်သည့်အကြောင်းကြောင့်နှင့် မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်း မသိရသေးသောကြောင့် KBC နှင့် အဖမ်းခံရသူများ၏ မိသားစုများ လွန်စွာစိုးရိမ်နေကြောင်း ဆိုပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here