လိုင်ဇာ တရုတ်-မြန်မာနယ်စပ်တွင် တရုတ်ဂျက်လေယာဉ်များ ၁နာရီ ကျော် လေ့ကျင့် ပျံသန်း

0
435

ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ တရုတ်-မြန်မာ နယ်စပ် တလျှောက် ထူးထူးခြားခြား တရုတ်ဂျက်တိုက် လေယာဉ်များ အချိန် ၁နာရီ ကျော်ကြာ လေ့ကျင့် ပျံသန်းမှုကို ယနေ့ အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ပိုင်း ပြုလုပ်ခဲ့သည်။

KIO (၅၈)နှစ်ပြည့် တစ်ရက်အလွန်မှာ ယခုလို တရုတ် ဂျက်တိုက်လေယာဉ်များသည် နယ်စပ် KIO ဗဟိုဌာနချုပ် Laiza (လိုင်ဇာ) နှင့် Laisin Bum (လိုင်စင်ဘွမ်) ကြား မြန်မာစံတော်ချိန် နံနက် ၈ နာရီ ကျော်မှ ၉နာရီကျာ်ထိ လှည့်လည် ပျံသန်းခဲ့သည်ဟု လိုင်ဇာမြို့ခံများ ကချင်သတင်းဌာန KNG ပြောပါသည်။

လိုင်ဇာ KIO ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှုးကြီး Nhpang Naw Bu (နော်ဘူ) အား ကချင်သတင်းဌာန KNG မှ ဆက်သွယ်မေးမြန်းကြည့်ရာ တရုတ် စစ်တပ်မှ စစ်ရေးလေ့ကျင့်ခြင်း ပြုလုပ်နေကြောင်း ကြားသိထားရသည်ဟု ဖြေကြားခဲ့သည်။

ယနေ့ နံနက် ၈ နာရီကျော်မှ စတင်ပြီး ၉ နာရီ ကျာ်အထိ လိုင်ဇာမြို့ တရုတ်နယ်စပ် တစ်လျှောက်တွင် ဂျက်လေယာဉ်သံများ အကြိမ်ကြိမ် ကြားနေရကြောင်း လိုင်ဇာ မြို့ဒေသခံများ ပြောဆိုပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here