ဆန္ဒပြခေါင်းဆောင် ၃ ဦးပေါ် စွဲချက် ရုတ်သိမ်းပေးရန် ဂျပန်ရောက် ကချင်များ တောင်းဆို

0
229

တပ်မတော်ထိုးစစ်ကြောင့် ပိတ်မိပြည်သူတွေ လွတ်မြောက်ရေး ဆန္ဒပြတောင်းဆိုရာမှာ ဦးဆောင်ခဲ့သူ ၃ ဦးကို တပ်မတော်မှ အသရေဖျက်မှု ပုဒ်မဖြင့် တရားစွဲဆိုထားခြင်းအား အမြန် ရုတ်သိမ်းပေးရန် ကချင်အမျိုးသားအစည်းအရုံး KNO (ဂျပန်) ယနေ့ တောင်းဆိုလိုက်သည်။

ဧပြီလ ဖားကန့်မြို့နယ်အတွင်း Lai Nawng Hku (လိုင်နှောင်းခူး) ဒေသ တိုက်ပွဲမှာ ပိတ်မိ ပြည်သူ ၂၀၀၀ ကျော်လွတ်မြောက်အောင် Lum Zawng (ဦးလွမ်းဇောင်း)၊ Zau Jat (ဦးဇော်ဂျတ်) နှင့် Nang Pu (ဒေါ်နန်ပူ) တို့မှ ဆန္ဒပြ ဦးဆောင်ခဲ့ခြင်းအား တပ်မတော် မှ အသေရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ပါသည်။

ထိုသူ ၃ ဦးမှာ ယခုချိန်ထိ တရားရင်ဆိုင်နေရဆဲ ဖြစ်ပြီး၊ ၎င်းတို့၏ သက်သေများကို ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပါသည်။

ထိုအချက်အပြင် ဂျပန်ရောက် ကချင်အမျိုးသားအစည်းအရုံးအဖွဲ့အနေဖြင့် တိုင်းရင်းသားဒေသ တပ်မတော် ထိုးစစ်ရပ်တန့်ရေး၊ အပစ်ခတ် ရပ်စဲရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တဖက်သတ်ကြိုတင်ပုံစံချ ကန့်သတ်ထားသည့် ဆွေးနွေးးမှု ပုံစံမဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီပုံစံဖြင့် ဆွေးနွေသွားရန် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here