အစိုးရထံ ပြည်သူများ၏ တိုင်ကြားစာများထဲတွင် မြေယာပြဿနာ အများဆုံးဖြစ်နေ

0
126

ကရင်ပြည်နယ်၊ အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊ အသနားခံစာ ဆိုင်ရာ စိစစ်ရေးကော်မတီသို့ ယခုနှစ် ပြည်သူများမှ တိုင်ကြားသည့် ကိစ္စများထဲတွင် မြေယာကိစ္စမှာ အများ ဆုံးဖြစ်ပြီး ၉၉ ရာခိုင်နှုန်းရှိသည်ဟု စိစစ်ရေး ကော်မတီဥက္ကဌဖြစ်သူ ဦးစောလှမြင့်က ကေအိုင်စီသို့ ပြောသည်။
̏လယ်မြေကတော့ ၉၉ ရာခိုင်နှုန်းလောက်ရှိတယ်။ တလကို မရှိဘူးဆိုရင် အနည်းဆုံး ၅ မှု ၁၀ မှု ကြား လောက် ဝင်လာတယ်။ တိုင်စာတွေဟာ။ ကျန်တာတွေကတော့ တစ်ခု၊ နှစ်ခုလောက်ပဲရှိမယ်။”ဟု စိစစ်ရေး ကော်မတီဥက္ကဌ စောလှမြင့်က အောက်တိုဘာ ၁၂ ရက်နေ့တွင် ကေအိုင်စီသို့ သီးသန့်ပြောဆိုသည်။

မြေယာကိစ္စများတွင် တပ်နှင့် ဖြစ်ပွားသည့်ကိစ္စများ၊ အစိုးရဌာနဆိုင်ရာနှင့် ဖြစ်ပွားသည့်ကိစ္စများ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဖြစ်ပွားသည့်ကိစ္စများ၊ ကုမ္ပဏီများနှင့် ဖြစ်ပွားသည့်ကိစ္စများတို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ကော်မတီသည် အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များလုပ်ဆောင်ပေးရသည့် အပြင် လူထုများ၏ တိုင်ကြားလာသည့် စာအပေါ်မူတည်၍ ခေါ်ကြားနာစစ်ဆေးခြင်း၊ ပြန်လည်သုံးသပ်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ တွေ့ရှိအကြံပြုသုံးသပ်ချက်များကို အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခြင်းများကို ဆောင်ရွက်ရကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း တိုင်းကြားစာ စုစုပေါင်း ၉၉ စောင်ရှိခဲ့ပြီး ထိုအထဲတွင် ဆောင်ရွက် ပြီးစီးမှု ၄ စောင်၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းသို့ လွှဲပြောင်းပေးပို့သည့်တိုင်ကြားစာ ၈ စောင်နှင့် ဆောင်ရွက် ဆဲ ၈၇ စောင်ရှိကြောင်း တိုင်ကြားစာကော်မတီထံမှ သိရသည်။

ပြည်သူလူထုများ၏ ခံစားချက်၊ ထိခိုက်နစ်နာချက်များကို ဖြေရှင်းဆောင်ရွက်ပေးလိုသည့် ရည်ရွယ်ချက်များဖြင့် အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေး ကော်မတီကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here