တပ်မတော်မှ နမ့်အွမ်ကျေးရွာသားများကို အိမ်ထောင်စု စစ်ဆေး

0
430
အောက်တိုဘာ ၂၊ ၂၀၁၈ မြန်မာစစ်တပ် ခလရ ၂၉၁ စစ်များ နမ့်အွမ်ကျေးရွာသားများကို အိမ်ထောင်စု စစ်ဆေးနေပုံ

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာတွင် ယနေ့ အောက်တိုဘာ ၂ရက် မနက်ပိုင်း ၆ နာရီခန့် မှ စတင်ပြီး မြန်မာ့ တပ်မတော် ခလရ ၂၉၁ တပ်မှ ဒေသခံများ၏ အိမ်ထောင်စု စာရင်းများ စစ်ဆေးနေကြောင်း ဒေသခံများ ပြောဆိုလာပါသည်။

“အိမ်ထောင်စုတွေ တောင်းတယ်။ အိမ် ၁ အိမ်မှာ လူဦးရေ ဘယ်လောက်ရှိ ကြောင်း စစ်ကြတယ်။ နမ့်အွမ် ဈေးမှာ တစ်ရွာလုံးကို ခေါ်ပြီး စစ်ဆေးနေတယ်” ဟု ဒေသခံ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပြပါသည်။

အိမ်တိုင်ရာရောက် လိုက်စစ်ဆေးမည်ဟု အသိပေးထားသော်လည်း လက်ရှိတွင် ကျေးရွာဈေး၌သာ အားလုံးခေါ်ပြီး စစ်ဆေးခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

Nam Um (နမ့်အွမ်) ကျေးရွာတွင် စက်တင်ဘာ ၂၉ ရက်နေ့က တအောင်း လွတ်မြောက်ရေး တပ်မတော် TNLA တို့ မူဆယ်-လားရှိုး ပြည်ထောင်စု ကားလမ်းမကြီး ပေါ် အခွန်ကြေးငွေ ကောက်ခံမှုဖြစ်ပွားပြီးနောက် ယခုလို မြန်မာ့ တပ်မတော်ဖက်မှ စစ်ဆေးမှု ပြုလုပ်လာခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here