နမ္မတီး Pat Jasan အဖွဲ့ကို အစိုးရမှ ပထမအကြိမ် ဂုဏ်ပြု

0
221

လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) ၏ လုပ်ဆောင်ချက်များကို အစိုးရ ရဲတပ်ဖွဲ့မှ အတိအမှတ်ပြုသည့် ဂုဏ်ပြုမှတ်တမ်းလွှာကို နမ္မတီး လမ်းခွကျေးရွာမှ ပထမဆုံး လက်ခံရရှိခဲ့သည်။

ဒေသတွင်း ‘မှုခင်းကျဆင်းရေးလုပ်ငန်းများနှင့် ရဲတပ်ဖွဲ့လုပ်ငန်းများအား အောင်မြင်စွာ အကောင်ထည်ဖော်ဆောင် ရွက်ရာတွင် အဖက်ဖက်မှ ဝိုင်းဝန်းကူညီ ပံပိုးပေး’ သောကြောင့် ယမန်နေ့ အောက်တိုဘာ ၁ ရက် (၅၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် မိုးကောင်းမြို့နယ် နမ္မတီး ရဲတပ်စခန်းမှ နမ္မတီး Lambraw Yang (လမ်းခွ) ပတ်ဂျဆန် (PJS) အဖွဲ့ ကို ဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်ဟု ပြောပါသည်။

Pat Jasan ခေါ် လူထုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ကို ၂၀၁၄ မှ စတင်ပြီး ကချင်ပြည်နယ်အန့ှံ ဖွ့ဲစည်းခဲ့ပြီး ဘိန်းခင်း ဖျက်ဆီးသည့်အပြင်၊ မူးယစ်သောက်စား ရောင်းဝယ်သူများ ကို အရေးယူ ဖော်ထုတ်မှုများ ပြုလုပ်နေသော အဖွဲ့ဖြစ်ပါသည်။

ဖွဲ့စည်း လှုပ်ရှားခါစ နှစ်များတွင် PJS အဖွဲ့ နှင့် အစိုးရ အမြင်မတူ သဘောထားကွဲလွဲမှုများ ရှိခဲ့သောကြောင့် ပြဿနာအမျိုးမျိုးများကို ရင်ဆိုင်ခဲ့ရသည်ဟု နမ္မတီး၊ လမ်းခွ လူထုအခြေပြုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူ ဦး Thomas Nhkang က ပြောဆိုသည်။

သို့သော်လည်း ယခုလို အစိုးရ ရဲတပ်ဖွဲ့ နှင့်လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ စည်းလုံးလာသည့်အပေါ် အထူးဝမ်းသာပီတိဖြစ်လာကြောင်း နှင့် မိမိအဖွဲ့အစည်းအချင်းချင်းလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် အထူး လိုအပ်ကြောင်းကို ဆက်ပြောသည်။

လမ်းခွ ကျေးရွာ PJS အဖွဲ့သည် ၂၀၁၈ နှစ်မကုန်ခင် ၎င်းတို့ကျေးရွာကို ‘မူးယစ်ကင်းစင်သော စံပြ ကျေးရွာ’ အဖြစ် သတ်မှတ်နိုင်ရန် ကြိုးစားနေကြောင်း ပြောပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here