ကရင်လူငယ် နှီးနှောဖလှယ်ပွဲတစ်ခုကို နိုဝင်ဘာလတွင် ကျင်းပမည်

0
149

ကရင်လူငယ်အစည်းအရုံး-KYO နှင့် ကရင်လူငယ်ကွန်ရက်-KYN တို့မှ ဦးဆောင်ပြုလုပ်မည့် ကရင်လူငယ် နှီးနှောဖလှယ်ပွဲ တစ်ရပ်ကို နိုဝင်ဘာ ဒုတိယအပတ်မှစတင်ကာ ၃ ရက်တိုင် ကရင်အမျိုးသားအစည်းအရုံး-KNU ကော့ကရိတ်မြို့နယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်လူငယ်အချင်းချင်း အပြန်အလှန်နားလည်မှုရှိလာပြီး ပိုမိုချစ်ကြည်ရန်၊ လက်ရှိနိုင်ငံရေး အခြေအနေများ ကို သိရှိနားလည်ပြီး အနာဂတ်လူငယ်ပါဝင်မှု အခန်းကဏ္ဍအတွက်ပြင်ဆင်သွားနိုင်ရန်နှင့် နှီးနှောပွဲမှတစ်ဆင့် ကရင်လူငယ်ညီလာခံခေါ်ဆိုကျင်းပနိုင်မည့် ဦးဆောင်ကော်မတီများရရှိလာရန် ရည်ရွယ်ချက်များဖြင့် အဆိုပါ နှီးနှောဖလှယ်ပွဲကို ကျင်းပမည်ဟု ဦးဆောင်စီစဉ်သူများက ပြောဆိုသည်။

ကျပ်သိန်း ၁၄၀ ခန့် ကုန်ကျရန်လျာထားသည့် ၎င်းလူငယ်နှီးနှောဖလှယ်ပွဲကို ပြည်တွင်းမှ ပါတီ၊ လက်နက်ကိုင်၊ စာ/ယဉ်၊ တက္ကသိုလ်၊ မြို့နယ်၊ ကျောင်းသားနှင် မျိုးနွယ်စု ကရင်လူငယ်အဖွဲ့များ၊ ပြည်ပမှ အိန္ဒိယ၊ ထိုင်း၊ အပြည်ပြည်ဆိုင်ရာ စသည့် ကရင်လူငယ်အဖွဲ့ စုစုပေါင်း ၅၀ခန့်မှ လူဦးရေ ၂၇၀ ဦးခန့် ပါဝင်တက်ရောက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြည်တွင်း၊ ပြည်ပ ကရင်လူငယ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကိုယ်စားလှယ်များပါဝင်သော ကရင်လူငယ် နှီးနှောဖလှယ်ပွဲများကို ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များတွင် ပြုလုပ်ခဲ့ဖူးပြီး ကရင်လူငယ်အစည်းအရုံး-KYO မှ ဦး ဆောင်၍ နယ်စပ်ကရင်လူငယ်အဖွဲ့များပူးပေါင်းကာ ကရင်လူငယ်ညီလာခံကို ၂၀၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့ဖူး သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here