KIA မသင်္ကာမှုဖြင့် ဖမ်းဆီးခံ ကထန်ယန် ရွာသား ၂ဦးကို ပထမဆုံး ရုံးထုတ်

0
146

ကထန်ယန်မှ ဖမ်းဆီးခံထားရသည့် ဦးဖော်ယမ်လဆမ်နှင့် ဦးလဖျော်ခေါင်ဒေါင်တို့ ၂ ဦးအမှု အား လာမည့် အောက်တိုဘာလ လဆန်း၂ ရက်နေ့တွင် ဒုတိယ အကြိမ်မြောက် ထပ်မံ ချိန်းဆိုထားကြောင်း မိသားစုများထံမှ သိရသည်။

စက်တာဘာလ ၂၄ ရက် ယမန်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ရာ ဖမ်းဆီးခံ ၂ ဦးအား စစ်ဆေးခြင်း မရှိသေးဘဲ တရားလိုဘက်ကို ဦးစွာ စစ်ခဲ့ကြောင်း မိသားစု ပြောပြချက်အရ သိရသည်။

၎င်းတို့နှစ်ဦးအား မြန်မာစစ်တပ် တပ်မ ၃၃ လက်အောက်ခံတပ်များသည် အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၃ နာရီခွဲ ခန့်တွင် နေအိမ်မှ ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်သည်။

လက်ရှိတွင် ခလရ(၂၁) ကြည်း ၆၅၇၀၄၊ ဗိုလ်ကြီးဇော်မျိုးနိုင်မှ တရားလိုပြုတိုင်တန်းထားသဖြင့် ၎င်းတို့ ၂ ဦးအား မတရားအသင်း ဆက်သွယ်မူ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့် ထားခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here