ကျောင်းချိန်အတွင်း တိုင်းရင်းသားဝတ်စုံ တရားဝင် ဝတ်ဆင်ခွင့်ပြုရန် တင်ပြတောင်းခံ

0
328

ကရင်ပြည်နယ်တွင် ကျောင်းချိန်အတွင်း တိုင်းရင်းသားဝတ်စုံ တရားဝင် ဝတ်ဆင်ခွင့်ရရှိရန် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ ကရင်ပြည်နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် (၄) လွှတ်တော် ကိုယ်စားလှယ် နန်းမိုးမိုးထွေးက စက်တင်ဘာလ ၁၃ရက်နေ့တွင် တင်ပြလိုက်သည်။

လွှတ်တော်ကိုယ်စားလှယ် နန်းမိုးမိုးထွေးက“တိုင်းရင်းသားအားလုံးက သူတို့ဝတ်စုံကို ကျောင်းမှာ ဝတ်ချင်မှာပဲ။ ဟိုး အရင်တုန်းကဆိုရင် တိုင်းရင်းသားဝတ်စုံနဲ့ပဲ ကျောင်းတက် တယ်။ ဒါကို တရားဝင်ဖြစ်ဖို့ ကျောင်းဆရာမတွေ၊ ကျောင်းသား မိဘတွေက တင်ပြမယ်ဆိုရင် မြို့နယ်ကနေ ပြည်နယ်၊ တဆင့်ပြီးတဆင့် တက်ရမယ်ပြီးတော့ ရဖို့မသေချာဘူး။ အချိန် ကြန့်ကြာအုံးမယ်။ အဲဒါကြောင့် ကျမက ပြည်ထောင်စုဝန်ကြီးကနေ တိုက်ရိုက် တင်လိုက်တာပါ။”ဟု ကေအိုင်စီသို့ ပြော သည်။

အဆိုပါ တင်ပြထားခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးမှ ကျောင်းချိန်အတွင်း တိုင်းရင်းသားဝတ်စုံဝတ်ဆင်လိုပါက ဝတ်ဆင်ခွင့်ပြုကြောင်း ပြန်လည်ဖြေကြားခြင်းရှိထားပြီးဖြစ်သော်လည်း အသိအမှတ်ပြုရန်အတွက် တရားဝင်စာနှင့်တကွ ပြန်လည်ထုတ်ပြန်ပေးရန်ရှိသည်ဟု နန်းမိုးမိုးထွေးက ဖြည့်စွက်ပြောဆိုသည်။

ကရင်ပြည်နယ်ရှိ တိုင်းရင်းသားအရေးကိစ္စများကို တာဝန်ယူဆောင်ရွက်ပေးရသူ မွန်တိုင်းရင်းသားရေးရာဝန်ကြီး မင်းတင် ဝင်းက “ဒါက ဖြစ်သင့်ပါတယ်။ ကရင်တိုင်းရင်းသားမကပဲ တိုင်းနဲ့ပြည်နယ်အားလုံး၊ တိုင်းရင်းသားအားလုံး ကျောင်းချိန် တွင် တစ်ပတ်မှာ တိုင်းရင်းသားဝတ်စုံ တစ်ရက် သတ်မှတ်ပြီးတော့ အဲဒီရက်မှာ ကြိုက်တဲ့တိုင်းရင်းသားဝတ်စုံ ဝတ်ခွင့်ပေး လိုက်၊ အဲဒီလိုမျိုးဆိုရင် ကောင်းတယ်။ ကျနော်တို့လည်း ပြည်ထောင်စုဝန်ကြီးနဲ့ သွားတွေ့တဲ့အချိန်ကျရင် ဒီအကြောင်းကို လည်း ဆွေးနွေးပေးသွားဖို့ရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အစိုးရမှ လက်ရှိအချိန်ထိ တိုင်းရင်းသားဝတ်စုံကို ကျောင်းချိန်အတွင်း တရားဝင်ဝတ်ဆင်ခွင့်ပေးခြင်းမရှိသော်လည်း က ရင်ပြည်နယ်ရှိ အချို့ စာသင်ကျောင်းများ၌ တိုင်းရင်းသားစာပေသင်ကြားသည့်နေ့တွင် တိုင်းရင်းသားဝတ်စုံကို ဝတ်ဆင် လေ့ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here