တပ်မတော် အသရေဖျက်မှုဖြင့် စွပ်စွဲခံ ဦးလွမ်းဇောင်း၏ သက်သေများကို စစ်ဆေး

0
302
တပ်မတော် အသရေးဖျက်မှုဖြင့် စွပ်စွဲခံရသူ ဦးလွမ်းဇောင် နဲ့ သက်သေ ဆွတ်ဆိုင်းထွယ် (ဘယ်)၊ မြစ်ကြီးနားမြို့နယ် တရားရုံး၊ စက်တင်ဘာ (၁၀)၊ ၂၀၁၈

အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တပ်မတော်၏ တရားစွဲဆိုထားခြင်းခံရသော ဆန္ဒပြ ကချင်လူငယ် ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးလွမ်းဇောင်း၏ သက်သေ (၃)ဦးကို ယနေ့မနက် မြစ်ကြီးနား မြို့နယ် တရားရုံးတွင် စစ်ဆေးခဲ့သည်။

ဆန္ဒဖော်ထုတ်ရာတွင် ဦးလွမ်းဇောင်း အော်ဟစ်ခဲ့သော အချက်ဖြစ်သည့် “စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားပြီး လေယာဉ်ဖြင့် ဗုံးများကျဲသည်” ဟူသော အသုံးအနှုန်းသည် မှန်ကန်မူ ရှိမရှိ သက်သေ (၃)ဦးဖြစ်သော မ ဆွတ်ဆိုင်းထွယ်၊ ဦးနော်အောန် နှင့် ရှေ့နေ ဆိုင်းခွမ်အောင် တို့ကို စစ်ဆေးခဲ့သည်။

ဦး လွမ်းဇောင်း အနေဖြင့် ဆန္ဒဖော်ထုတ်ချိန်တွင် တပ်မတော်၏ ဂုဏ်အသရေပျက်စေသော အသုံးအနှုန်းများ ပြောဆိုခြင်း မရှိသည့်အပြင် စစ်တပ်မှ ပြည်သူများကို ပစ်မှတ်ထားပြီး လေယာဉ်ဖြင့် ဗုံးများကျဲသည် ဟူသော စာသားပါ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး အော်ဟစ်ခြင်းလည်း မတွေ့ရှိခဲ့ကြောင်း သက်သေ (၃)ဦးအနက် မ ဆွတ်ဆိုင်းထွယ်အား စစ်ဆေးခဲ့ရာ ယခုလို ထွက်ဆိုသွားခဲ့သည်ဟု ပြောပါသည်။

စက်တင်ဘာ (၁၇)ရက်နေ့ ရုံးချိန်းတွင် ဦးလွမ်းဇောင်း၏ ကျန်ရှိ သက်သေ (၂)ဦးနှင့် ဦးဇော်ဂျတ် ၏ သက်သေများကို ဆက်လက် စစ်ဆေးသွားမည် ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here