ကချင်ဆန္ဒပြ ခေါင်းဆောင် ၃ ဦး ကို မြို့နယ် တရားရုံးတွင် ယနေ့ စတင် စစ်ဆေး

0
318

တပ်မတော် အသရေ ဖျက်မှုဖြင့် တရားစွဲဆိုခံထားရသော ဆန္ဒပြ ကချင်လူငယ်ခေါင်းဆောင် (၃)ဦး ကို မြို့နယ်တရားရုံးမှာ ယနေ့ စစ်ဆေးခဲ့ပါသည်။

တရားစွဲဆိုခံရသော ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ် နှင့် ဒေါ်နန်ပူတို့ (၃)ဦးသည် တိုက်ပွဲကြောင့် ပိတ်မိပြည်သူများ လွတ်မြောက်လာနိုင်ရန် ဆန္ဒပြ သတင်စာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာတွင် တပ်မတော်ကို အသရေပျက်အောင် ပြောဆိုခဲ့ခြင်းကြောင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခမှ ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦး တရားလို ပြုလုပ်ကာ ပုဒ်မ ၅၀၀ဖြင့် စွတ်စွဲခဲ့သည်ဟု သိရသည်။

မေလ (၁)ရက်နေ့ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲသည် တပ်မတော်ကို အသေရေပျက်လိုသော ရည်ရွယ်ချက်မဟုတ်ဘဲ တိုက်ပွဲကြား ပိတ်မိနေသော ပြည်သူများ လွတ်မြောက်ရန်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု တရားခံ ဒေါ်နန်ပူက ပြောဆိုခဲ့ပါသည်။

ယနေ့ စွတ်စွဲခံထားရသူ (၃)ဦး အား စစ်ဆေးရာတွင် တရားလို ဒု ဗိုလ်မှူးကြီး မျိုးမင်းဦး ကိုယ်တိုင် တရားရုံးတွင် အစအဆုံး လာရောက် ပါဝင်ခဲ့သည်ကို တွေ့ရပါသည်။

ရုံးချိန်းကို စက်တင်ဘာ (၁၀)ရက် တနလာၤနေ့တွင် ပြန်လည် ချိန်းဆိုထားပြီး ထိုနေ့တွင် ဦးလွမ်းဇောင်း၏ သက်သေ (၅)ဦး ကို စတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here